ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာမှ ခေတ္တအုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ် (၃၃နှစ်)သည် ပျောက်ဆုံးနေရာ ယမန်နေ့က သူ၏ အလောင်းကို ပြောင်ပိုက်ကျေးရွာ အနောက် တောင်ဘက်ရှိ ရွှံနွံအိုင်အတွင်း တွေ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံသတင်းထုတ်ပြန်ရေးကော်မ တီက သတင်းထုတ်ပြန်သည်။
အလောင်းကို အကိုဖြစ်သူ ဒီမာမတ်က တွေ့ရှိခြင်းဖြစ်ပြီး၊ တာဝန်ရှိသူများမှ စစ်ဆေးရာ ယာပါးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ယာနံဘေး ထိုးသွင်းဒဏ်ရာ ၂ ချက်၊ လည်ပင်းလှီးပြတ်ဒဏ်ရာ ၂ ချက်၊ ယာဒူးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ လက်ကောက် ဝတ် ပြတ်ရှ ဒဏ်ရာ ၁ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မောင်တောမြို့နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းဌာနများအား သတင်းဖြေကြားပေးခဲ့သည့် ငါးခူရကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး ဒုစ်မာမတ်(ခ)ရှူနာသည်လည်း အသတ်ခံရသေးသည်။