အမေရိကန်အနေဖြင့် ဆီးရီးယား ဒုက္ခသည်အား ပြန်လည်လက်ခံရန် ကုလသမဂ္ဂက ပူးတွဲကြေညာ ချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ(UNHCR) နှင့် နိုင်ငံတကာ ရွေ့ပြောင်းသူများအခြေချသူများ အဖွဲ့ (IOM) တို့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းသူ တွေ အတွက် အမေရိကန်ရဲ့ ပြန်လည်အခြေချရေး အစီအစဉ်ဟာ ကမ္ဘာမှာ အရမ်းအရေးကြီးကြောင်း၊ ဒီအစီအစဉ်ဟာ နှစ်ဦးနှစ်ဖက်မျှတတဲ့အစီအစဉ်ဖြစ်သလို၊ ဒုက္ခသည်တွေအတွက်လည်း ဘဝလုံခြုံမှု ဖြစ်စေကြောင်း၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းအသစ်အတွက် ခွန်အားဖြစ်စေပြီး၊ ထူးကဲကောင်းမွန်ပြီး အပြု သဘောဆောင်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန်အနေနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုနေရာ ဆက်လက်ယူထားပြီး နဲ့ ပဋိပက္ခတွေနဲ့ ဖိစီးနိုပ် စက်မှုတွေကနေ အကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အဆိုပါအဖွဲ့အစည်း ၂ခုရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတသစ် ဒေါ်နယ်ထရမ့် အတည်ပြုလိုက်တဲ့ အမိန့်မှာ ဆီးရီးယား ဒုက္ခသည်များ နိုင်ငံအတွင်းဝင်ရောက်မှု တားမြစ် လိုက်သလို၊ မွတ်ဆလင် ၆နိုင်ငံမှ လာရောက်လည် ပတ်သူများကို ဗီဇာများကို ရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်ပြီး၊ ယင်းအမိန့်ဟာ မနေ့က စတင်သက် ရောက်တာကြောင့် အမေရိကန်လေဆိပ်တွေမှာ မွတ်ဆလင်နိုင်ငံက ခရီးသွားတော် တော်များများသောင်တင်နေကြပါတယ်။
ဒါအပြင် လေဆိပ်က ခရီးသည်တော်တော်များများ အဖမ်းခံခဲ့ရပြီး၊ တချို့တော့ အမေရိကန်ထဲဝင်မယ့် လေယာဉ်တွေနဲ့ လိုက်ပါခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
ဒီအမိန့်ကို များစွာသော ကမ္ဘာခေါင်းဆောင်တွေ၊ ကျော်ကြားသူတွေကတော့ ဆန့်ကျင်ကြပြီး၊ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault က စိုးရိမ်ကြောင်း၊ ကမ္ဘာတဝှမ်းက စစ်ပွဲတွေ၊ ဖိနိုပ်မှုတွေ ကြောင့် ထွက်ပြေးလာသူတွေကို ကြိုဆိုရမှာက ကျနော်တို့တာဝန် တစိတ်တပိုင်းဖြစ်တယ် လို့လည်း ဆိုပါတယ်။
အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒါဟာ အီရန်နဲ့ မွတ်ဆလင်ကမ္ဘာကို စော်ကားဆန့်ကျင်တာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး၊ တန်ပြန်မှုတွေလုပ်မယ်လို့ ဆိုပါတယ်။
ပါကစ္စတန်က အငယ်ဆုံး နိုဗယ်ဆုရှင် ပါကစ္စတန်က မာလာလာ ယူဆွတ်ဖ်ဇိုင် ကလည်း အမေရိကန် သမ္မတရဲ့ တံခါးပိတ်လိုက်တဲ့အတွက် စစ်ပွဲတွေ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ ကလေးတွေ၊ အမေတွေနဲ့ အဖေတွေကို ဝမ်းနည်းပက်လက်ဖြစ်စေတယ်လို့ ဆိုပါတယ်။
အလားတူ ပညာရှင်ထောင်ပေါးများစွာနဲ့ နိုဗယ်ဆုရှင် ၁၁ဦးကလည်း ဒီအမိန့်ဟာ ခွဲခြားသတ်မှတ်ပြီး၊ ထိခိုက်စေကြောင်း လုံခြုံရေးကောင်စီကို လက်မှတ်ထိုးပေးပို့ခဲ့ပါတယ်။
ဖေစ်ဘွခ်တည်ထောင်သူ ဇူကာဘတ်က သူ့ရဲ့ဆိုရှယ်နက်ဝပ်မှာ “ငါ့ရဲ့အဖိုးအဖွားဟာ ဂျာမနီ၊သြစထြီးယားနဲ့ ပိုလန်ကလာ တယ်၊ငါ့မိန်းမ မိဘတွေဟာ ဒုက္ခသည်အဖြစ် တရုတ်၊ ဗီယက်နမ် ကလာတယ်၊ အမေရိကန်ဆိုတာ ရွေ့ပြောင်းလာသူတွေရဲ့နိုင်ငံပဲ၊ ဒါကို ငါတို့ ဂုဏ်ယူသင့်တယ်၊ အခု သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို ငါစိုးရိမ်တယ်”လို့ ရေးသားထားပါတယ်။