သမ္မတသစ် ဒေါ်နယ်ထရမ်က အီရတ်နဲ့ ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်မယ့် မဟာဗျူဟာ စီမံချက်တခုကို ရက် ၃၀အတွင်းရေးဆွဲဖို့ အမေရိကန် စစ်ဘက်ဆိုင်ရာကို မနေ့ကအမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ရုရှားသမ္မတပူတင်နဲ့ တယ်လီဖုန်းကနေ စကားပြောပြီးတဲ့နောက်မှာ IS ကိုတိုက်ခိုက်ဖို့ ထုတ်ပြန်လိုက် ခြင်းဖြစ်ပါတယ်။
အဆိုပါ ISကို တိုက်ခိုက်မယ့် ပဏာမ စီမံချက်တခုကို ရက် ၃၀အတွင်း သမ္မတဒေါ်နယ်ထရမ့်ထံကို ကာကွယ် ရေးဝန်ကြီးဌာနက တင်ပြရမှာဖြစ်ပါတယ်။
IS ကိုဖြတ်တောက်မယ့် ဒီစီမံချက်မှာ လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်၊ သတင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းများ၊ ဆိုက်ဘာမဟာဗျူဟာတွေပါဝင်မှာဖြစ်ပါတယ်။ ISကိုတိုက်ခိုက်ရာမှာ ညွှန်ပေါင်းမဟာမိတ်အသစ်တွေကို ရှာဖွေမှာဖြစ်တဲ့အပြင် လုပ်ပိုင်ခွင့်ပေါ်လစီများကိုလည်း ချမှတ်သွားမှာဖြစ်ပါတယ်။
သမ္မတသစ် ဒေါ်နယ်ထရမ်နဲ့ ရုရှားသမ္မတပူတင်အကြား တယ်လီဖုန်းဆက်သွယ်စကားပြောဆိုရာမှာ ISကိုတိုက်ခိုက်ရာမှာ စစ်မှန်တဲ့ပူပေါင်းဆောင်ရွက်မှုပြုလုပ်ဖို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ကလည်း ရုရှားဟာ အမေရိကန်ကို ဒုတိယကမ္ဘာစစ်အတွင်းက အထောက်အပံပြုခဲ့ သလို၊ အခုလည်း နိုင်ငံတကာအကြမ်းဖက်ဝါဒကို တိုက်ဖျက်တဲ့နေရာမှာ အမေရိကန်ဟာ အဓိက မဟာမိတ်ပဲလို့ အလေးအနက်ပြုခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အချိန်တခုအတွင်းမှာ အဖြေရှာဖိုနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် နေရာ တခုသတ်မှတ်ဖို့ သဘောတူခဲ့ပါတယ်။