လူမျိုးစုငယ်များ၏ လိုအပ်ချက် မမေ့ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
တိုင်းရင်းသားများ၏ အခွင့်အရေးများကို ချည်းကပ်ဆောင်ရွက်မည်ဆိုပါက လူမျိုးစုငယ်များ၏ လိုအပ်ချက်များ ကို မမေ့ရန်လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော် တွင် ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်စဉ် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အင်အားကြီးသော တိုင်းရင်းသားများက အင်အားငယ်သည့် တိုင်းရင်းသားများအား ညှာတာ၍ ၎င်းတို့၏ အခွင့်အရေးကိုလည်း ကာကွယ်ရမည့် တာဝန်ရှိသည်ကို ဆောင်ရွက်ရန်၊တိုင်းရင်းသား များစုစည်း၍ တိုင်းရင်း သားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာ၌ တာဝန်နှင့် အခွင့် အရေးကိုလည်း သိရမည်ဖြစ်ကြောင်း၊ အခွင့် အရေးနှင့်တာဝန် ဒွန်တွဲမှသာ မိမိတို့ လူ့အသိုက်အဝန်းတိုးတက်မည်ဟု ဆိုသည်။
ထို့အပြင် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပြီး အဓိကကျသည့် အခန်းကဏ္ဍ၌ ရှိနေသည့် အတွက် ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့၏ အဓိက ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံအား တရားဥပဒေ စိုးမိုးသော နိုင်ငံဖြစ်ရန် ရည်ရွယ်ထားပါကြောင်းလည်း ပြောဆိုသွားသည်။