အင်ဒိုနီးရှားနိုင်ငံ ယော့ယာကာတာအထူးဒေသက Adisutjipto အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြို့တော်ဂျာကာတာမှ ပျံသန်းလာတဲ့ လူပေါင်း ၁၃၀ပါ ဂရူဒါ လေကြောင်းလိုင်းက ဘိုးရင်း 737-800NG အမျိုးအစားလေယာဉ်ဟာ မနေ့ကဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ကြောင်း၊ ထို့အတွက် လေယာဉ်ကွင်းကို ယနေ့တိုင် ပိတ်ထား ရကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဂရူဒါလေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ခရီးသည်တင်လေယာဉ်ဟာ မိုးသည်းထန်စွာ ရွာတဲ့အတွက် ပြေးလမ်းချော်ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ဦးနဲ့ အမှုထမ်း ၇ဦး ပါဝင်ပြီး၊ ဒဏ်ရာရရှိမှုမရှိကြောင်းသိရပါတယ်။
ယော့ယာကာတာဟာ အင်ဒိုနီးရှားရဲ့ ယဉ်ကျေးမှုဒေသ ဂျာဗားကျွန်းရဲ့ ဝင်ပေါက်ဖြစ်ပါတယ်။
အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးကတော့ လေဆိပ်ကို ယနေ့အထိပိတ်ထားမယ်လို့ ဆိုပါတယ်။