မလေးရှားနိုင်ငံရှိနေတဲ့ ရိုဟင်ဂျာများထဲမှ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အသိအမှတ်ပြု ကတ်ကိုင် ဆောင်ထား သည် ၃၀၀ခန့်ကို လာမည့် မတ်လ ၁ရက်နေ့မှ စတင်ကာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ် ကြောင်း မလေးရှား ဒုဝန်ကြီးချုပ် ဒါတွခ် ဆရီ ဒေါက်တာ အာမတ် ဇာဟစ် ဟာမီဒီက မနေ့က ပြောလိုက်ပါ တယ်။
အဆိုပါ UNHCR အသိအမှတ်ပြုကတ်ကိုင်ဆောင်ထားသည့် မွတ်ဆလင် ဒုက္ခသည် ၃၀၀ခန့်ကို စိုက်ပျိုးရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွေထဲက ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်ခွင့်ပေးမယ်လို့ မလေးရှား ဒုဝန်ကြီးချုပ်က ဆိုပါတယ်။
UNHCR အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးအပြီးမှ မလေးရှား ဒုဝန်ကြီးချုပ်က “သူတို့အနေနဲ့ တတိယနိုင်ငံကို မသွားမီမှာ ကျွမ်းကျင်မှုနဲ့ ဝင်ငွေရရှိဖို့ လုပ်ကိုင်ပေးတာဖြစ်ပါတယ်”လို့ ထုတ်ပြန် ပြောဆိုခြင်းဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ပဏာမခြေလှမ်းဖြစ်ပြီး၊ ရိုဟင်ဂျာတွေ အပေါ် လူကုန်ကူးသူတွေ ရဲ့ တွေက အတင်းအဓမ္မခိုင်းစေမှုကို ကာကွယ်တားဆီးဖို့လည်း ပါရှိပါတယ်။
မလေးရှားနိုင်ငံမှာ နိုင်ငံပေါင်း ၆၂ နိုင်ငံမှ လာရောက်ခိုလှုံနေတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည် ၁၄၉၄၇၄ ဦး ရှိကြောင်း၊ ၈၉ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက လာတဲ့လူများဖြစ်ကြောင်း၊ ဒုက္ခသည် ကတ် ကိုင်ဆောင်ထားသူ ရိုဟင်ဂျာ စုစုပေါင်း ၅၆၀၀၀ ရှိတယ် လို့သိရပါတယ်။