ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သူဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးမှာ စစ်တပ် ကို ပူးပေါင်းပါဝင်ဖို့ လုပ်ပိုင်ခွင့် အမိန့်အာဏာတရပ်ကို လက်မှတ်ရေးထိုးမယ်လို့ ပြောလိုက်ပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုလိုက်ပြီး၊ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အာဏာပိုသုံးမှာမဟုတ်သလို၊ စစ်အုပ်ချုပ်ရေး ကြေညာဖို့လည်း မရှိဘူး လို့ ဆိုပါတယ်။
“မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ၃၀၀၀ သတ်ရမလား လိုအပ်ရင် ပိုသတ်မယ်၊ ဒီကိစ္စတွေ ဟာ ၆လ အတွင်း ပြီးဆုံးသွားမယ်လို့ သူ့အနေနဲ့ ထင်ကြောင်း Reuters သတင်းကိုပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးကလည်း မူးယစ်ဆေးဝါးနဲ့ အကျင့်ပျက်ခြစားတဲ့ ရဲတွေကို နှိမ်နင်းဖို့ စစ်တပ်ကို ခွင့်ပြုဖို့ သမ္မတ ဒူတာတေးထံမေးခဲ့ကြောင်း၊ သူူတို့အနေနဲ့ သမ္မတထံမှ တရားဝင်ခွင်ပြုချက်လို ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တဦးကို အကျင့်ပျက်ခြစားတဲ့ ရဲတွေက ပစ်သတ်လိုက်တဲ့နောက်တနေ့မှာသမ္မတ ဒူတာတေးမှ စစ်တပ်အနေဖြင့် မူးယစ်ဆေးဝါး စစ်ပွဲမှာ ပူးပေါင်းပါဝင်ဖို့နဲ့ အကျင့်ပျက်ရဲဆိုးတွေအနေနဲ့ တရားဥပဒေကို ရင်ဆိုင်ဖို့ မိန့်ခွန်းပြောခဲ့ပါသေးတယ်။
သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲမျာ လူပေါင်း ၇ထောင်ခန့် အသတ်ခံခဲ့ရပြီးဖြစ်ပါတယ်။