ထိုင်း ဒု ဝန်ကြီးချုပ် Dr.Somkid Jatusripita က မြန်မာ့ခရီးသွားလုပ်ငန်းအနေဖြင့် ထိုင်းနိုင်ငံ၏ ဖွံဖြိုး တိုးတက်နေသည့် ခရီးသွားလုပ်ငန်းမှ အဆိုးအကောင်းများကို သင်ခန်းစာယူပြီး ခရီးသွားလုပ်ငန်းဖွံဖြိုး ရေးသာမက ဒေသထွက်ကုန်များကိုလည်း ခရီးသည်များအား ရောင်းချပေးနိုင်ရန် ကြိုးစားသင့် ကြောင်း မနေ့ ပုဂံယဉ်ကျေးမှုဒေသသို့ ရောက်ရှိစဉ် အကြံပြု ပြောဆိုသွားခဲ့ပါတယ်။
ဒေသထွက်ကုန်များ မရောင်းရဘဲ ခရီးသွားလုပ်ငန်းတခုသာ ဖွံ့ဖြိုးတိုးတက်နေပါက ဟိုတယ်လုပ်ငန်း ရှင်များသာ အကျိုးရှိမည်ဖြစ်ပြီး ဒေသခံပြည်သူအတွက် အကျိုးရှိမည်မဟုတ်ပါကြောင်း ပြောဆိုခဲ့ တယ်လို့ အစိုးရသတင်းမှ ဖော်ပြပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံဆွေးနွေးရာမှာ ထိုင်းနိုင်ငံမှနေပြီး ပုဂံ ညောင်ဦးဒေသကို တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့ကိုလည်း ပါဝင်တယ်လို့ သိရပြီး လက်ရှိမှာ တော့ Thai Air Asia (TAA)ဟာ ဒုတိယမြောက် ဘန်ကောက်- မန္တလေး နေ့စဉ်ပျံသန်းမယ့် ခရီးစဉ် တခုကို လာမယ့် မတ်လ ၁၇ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
ထိုင်းလူမျိုးတွေရဲ့အကြားမှာ မန္တလေးဒေသက မဟာမုနိဘုရားကြီး၊ ရွှေနန်းတော်ကျောင်း၊ ဦးပိန် တံတား စတဲ့ရှေးဟောင်းနေရာတွေဟာ ရေပန်းစားလျှက်ရှိတာကြောင့် ဖြစ်တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဝင်ငွေဟာ GDP ရဲ့ ၁၀ရာခိုင်းနှုန်းကို ဖြည့်ဆည်းပေးထားပြီး၊ မကြာ သေးမီကလည်း မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဦးအုန်းမောင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ အက်ဒမန်ပင်လယ်ကွေ့မှာ ရှိတဲ့ ဖူးခက်၊ ရနောင်း၊ ကရာဗီ စတဲ့မြို့တွေနဲ့ မြန်မာဘက်ခြမ်းက မြိတ်၊ ထားဝယ်စတဲ့ တနင်္သာရီ ကမ်းရိုးတန်းကို ချိတ်ဆက်ကာ ရေကြောင်းခရီးသွာလာရေး လုပ်ငန်း လုပ် ဆောင်ဖို့ ထိုင်းဘက်က ကမ်းလှမ်းခဲ့ပါတယ်။
ထိုင်း ဒု ဝန်ကြီးချုပ် Dr.Somkid Jatusripita ဦးဆောင်တဲ့ ထိုင်းစီးပွားရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ မြန်မာဘက်ခြမ်းမှာ စက်မှုဇုန်တည်ထောင်ရေးကို ဆွေးနွေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး၊ စီးပွားရေးဆိုင်ရာ စာချွန်လွှာ ၁၆ခုကို ၂ဘက် လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်- မဲဆောက် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် လမ်းများ ပိုမိုကောင်းမွန်စေရန် ထိုင်း ဘတ်ငွေ ၁.၈ ဘီလျံ (အမေရိကန်ဒေါ်လာ ၅.၃သန်း)ကူညီမယ်လို့ သိရပါတယ်။