တူရကီအကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က IS နဲ့ အဆက်အသွယ်ရှိတဲ့လို့ သံသယရှိသူ ၄၄၅ဦး ကို မနေ့က ထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။
မနေ့က အစ္စတန်ဘူလ်အပါအဝင် တူရကီမြို့ကြီးတော်တော်များများနဲ့ ဆီးရီးယားနယ်စပ်ပါမကျန်ပြု လုပ်တဲ့ စစ်ဆင်ရေးမှာ လူပေါင်း ၄၄၅ ဦးကိုဖမ်းဆီးလိုက်တာဖြစ်ပြီး၊ အန်ကာရာမြို့မှာတော့ နိုင်ငံခြား သား အများစုပါဝင်တဲ့ လူပေါင်း ၆၀ခန့်ကို ထိန်းသိမ်းလိုက်သလို၊ အရှေ့တောင်ဘက်က Sanliurfa ပြည်နယ်မှာ လူပေါင်း ၁၀၀ခန့်ကို IS နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေနဲ့ အတူဖမ်းခဲ့ပါတယ်။
IS စစ် သွေးကြွတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွကိုလည်း သိမ်းဆည်းရမိခဲ့သလို၊ အနောက်မြောက်က Izmir မြို့မှာလည်း တိုက်ခိုက်မှုတခုပြင်ဆင်နေတဲ့ လူ ၉ဦးကို ဖမ်းဆီးခဲ့ပါတယ်။
တူရကီ Anadolu သတင်းဌာနကတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေဟာ ဘယ်နိုင်ငံသား တွေဖြစ်တယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့နှစ် တူရကီစစ်တပ်ရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှု အပြီးမှာ လူတော်တော်များများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။