သတင်းတို

မြန်မာ-ထိုင်းအကြား ခရီးသွားလုပ်ငန်း ပိုမိုပူးပေါင်းဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၂၀ ခုနှစ်၌ မြန်မာ- ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား ခရီးသွား ၁.၅သန်းအထိ မြင့်တက် လာစေရေး “နှစ်နိုင်ငံ၊ ခရီးစဉ်တခု”ခေါင်းစဉ်နဲ့ အစီအစဉ်တခုကို ပူးပေါင်းပြုလုပ်ရန် သံဓိဋ္ဌာန်ချထား ကြောင်း Bangkok Post သတင်းကဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်း ဒုဝန်ကြီးချုပ် Somkid Jatusripitak ဦးဆောင်တဲ့ စီးပွားရေးမစ်ရှင်ရဲ့ ခရီးစဉ်မှာ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) နဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း ဖက်ဒရေးရှင်းတို့ အကြား ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး မြှင့်တင်ရန် MoU လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။

ထိုင်း ဒု ဝန်ကြီးချုပ် Somkid Jatusripitak ကလည်း  မြန်မာဟာ ဂုဏ်ယူစရာကောင်းတဲ့ သဘာ၀ အလှနဲ့ ယဉ်ကျေးမှုရင်းမြစ်တွေ ပြည့်နှက်နေတဲ့အတွက် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ အလား အလာကောင်းတွေရှိနေတယ်လို့  ဆိုပါတယ်။

ဒါကြောင့်လည်း TAT အနေနဲ့ မြန်မာသာမက ကမ္ဘောဒီးယား၊ လာအိုတို့နှင်ပါ ပူးတွဲပြီး ဖြစ်နိုင်မယ့် ဈေးကွက်ကို လေ့လာမယ့် အစီအစဉ်တ ရပ်လုပ်ဆောင်ဖို့၊ လေကြောင်းနဲ့ ပတ်သက်ပြီး အထူးသဖြင့် ဖူးခက်- ရနောင်- မြိတ် ခရီးစဉ်၊ ချင်းမိုင်- မန္တလေး- ပုဂံ ခရီးစဉ်တွေအတွက် အလားအလာ ကောင်း တွေကို မျှဝေဖို့ လုပ်ဆောင်ရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်မှာ မြန်မာ- ထိုင်း နှစ်နိုင်ငံ ခရီးသွားဦးရေဟာ ၄သိန်း ၉သောင်းရှိတယ်လို့ သိရပါတယ်။

မြန်မာကိုလည်း ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်မှာ  နိုင်ငံခြားခရီးသွား ၂.၉သန်း လာရောက်ခဲ့ပြီး၊ အရင်နှစ်တွေ ထက် ၃၈ ရာခိုင်နှုန်း တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အစီရင်ခံစာတွေ အရ သိရပါတယ်။

အဲဒီအထဲမှာ ကမ္ဘာလှည့်ခရီးသွား ၁သန်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုကာ ဝင်ထွက်သွားလာမှုလုပ်ခဲ့ပြီး၊ ၇သိန်းကျော်ဟာ ထိုင်းကတဆင့် ဝင်ရောက်လာတာဖြစ်ပြီး၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ အများဆုံးပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာအာဏာပိုင်တွေဟာ  ဒေသလမ်းညွှန်တွေအတွက် ထိုင်းစကားနဲ့ ပတ်သက်လို့ သင်တန်းတခုပေးဖို့နဲ့ ဒေသတွင်းက ခရီးသွားလုပ်ငန်းရှင်တွေအတွက် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း နဲ့ပတ်သက်လို့ စီမံခန့်ခွဲမှု သင်တန်းတခုပေးဖို့ ထိုင်းဘက်ကို အကူအညီတောင်းထားကြောင်း  ထိုင်း ဒု ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၆ခုနှစ်အတွင်းမှာ ကမ္ဘာလှည့်ခရီးသွားဦးရေ ၃၂သန်း ဝင်ရောက်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် ထိုင်း ဒုဝန်ကြီးချုပ်က မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဆိုရင် ဒေသထွက်ကုန်တွေကို လည်း ကမ္ဘာ့လှည့်ခရီးသွားတွေကို ပိုမိုရောင်းချနိုင်အောင် ကြိုးစားဖို့၊ ကမ္ဘာလှည့်ခရီးသွားတွေ ဒေသထွက်ကုန်တွေကို လူသိများလာအောင်လည်း ခရီးသွာလးပ်ငန်း ဝက်ဘ်ဆိုဒ်မှာ  အချက်အလက်တွေနဲ့ ဖြန့်ချိပေးဖို့ ၊ ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ ကောင်းဆိုးနှစ်ဖြာကို သင်ခန်းစာယူဖို့၊  ကမ္ဘာ့လှည့်ခရီးသွားကောင်းတွေကို အာရုံစိုက်ဖို့ တို့ကိုလည်း အကြံပေးပြောဆိုခဲ့ပါ တယ်။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၂၇ ရက်ကတည်းက ထိုင်း- မြန်မာခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် Two Countries One Destination အဖြစ် ပူးပေါင်းမြှင်တင်ဆောင်ရွက်လိုကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ် ငန်းနှင့်အားကစားဝန်ကြီးဌာန၊ဝန်ကြီ Mrs. Kobkarm Wattanavrangkul နှင့် မြန်မာတာဝန်ရှိသူများ ရန်ကုန်မြို့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading