သတင်းတို

ပါကစ္စတန်မှာ ၆.၃ မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခတ်

ပြင်းအား ၆.၃ မဂ္ဂနီကျု့ရှိ အင်အားပြင်းထန်သည့် ငလျင်တခု ပါကစ္စတန်တောင်ဘက်ကမ်းခြေမှာ ယနေ့နံနက် ဒေသစံတော်ချိန် ၃နာရီ မိနစ် ၃၀ခန့်ကက လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက သတင်းထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီး အသေအပျောက် ဒဏ်ရာရရှိမှု မည်မျှရှိတယ်ဆိုတာကိုတော့ ထွက်ပေါ်လာခြင်းမရှိပါဘူး။

ငလျင်ဗဟိုဟာ ပါကစ္စတန်အနောက်တောင်ဘက် ပက်စ်နီမြို့ရဲ့ ၂၃ကီလိုမီတာအကွာမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ တခြားသော တူဘတ်နဲ့ ဂွာဒါစတဲ့မြို့တွေနဲ့ဆိုရင် ကီလိုမီတာ ၉၀ ကွာဝေးပါတယ်။

ပါကစ္စတန်မှာ ၂၀၁၅ ခုနှစ်က ၇.၅ မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၄၀၀ကျော်သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကလည်း ယနေ့နံနက် ၄နာရီ ၅၇မိနစ်မှာ ပြည်တွင်းကို ဗဟိုပြုပြီး ၃.၂ ရတ်ချ်တာစကေးရှိ  မြေငလျင်တခုလှုပ်သွားကြောင်း ပြောဆိုခဲ့ပါတယ်။

Loading