သတင်းတို

IS နဲ့ဆက်သွယ်သည်ဟု သံသယရှိသူ ၆ဦး မလေးရှားဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

IS အဖွဲ့နဲ့ ဆက်သွယ်မှုရှိတယ်လို့ သံသယရှိသူ ထိုင်းလူမျိုး ၁ဦးအပါအဝင် လူ၆ဦးကို  မလေးရှား- ထိုင်း နယ်စပ်မှာ မလေးရှား အာဏာပိုင်တွေကို မနေ့က ဖမ်းဆီးလိုက်တယ်လို့ Khaosad သတင်းက ဆိုပါတယ်။

အဆိုပါ လူ ၆ဦးကို ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ မိခဲ့ကြောင်း၊ သူတို့ဟာ IS နဲ့ အလုပ်လုပ်နေသူတွေလို့ သံသယရှိကြောင်းကို မလေးရှားက ထိုင်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်း ဆစ်တီဆက်ကလည်း ထိုင်းလူမျိုး ၁ဦး အဖမ်းခံရ သည်မှာ မှန်ကန်ပြီး၊ နာမည်ကိုတော့ ထုတ်ပြောခြင်းမရှိပါဘူး၊ သူဟာ ထိုင်းတောင်ပိုင်း ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အထောက် အထားများရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“ဒီလူကို လွှဲပေးပြီး ထိုင်းနိုင်ငံမှာ တရားစီရင်ဖို့ တောင်းဆိုထားတယ်၊ ဒါပေမယ့် ပထမဆုံးတော့ မလေးရှားဥပဒေနဲ့ အညီလုပ်ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ပို့မပို့တော့ မသိသေးဘူး” လို့ ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်း က ဆိုပါတယ်။

ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ IS နဲ့ ပတ်သက်နိုင်တယ်ဆိုတာတော့ မသိသေးပါဘူးလို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်းမှာ ခွဲထွက်ရေးသမားတွေဟာ ၂၀၀၄ခုနှစ်က စတင်ကာ ပတ္တာနီ၊ ယာလားနဲ့ နာရာသီဝပ် စတဲ့ ပြည်နယ်တွေမှာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading