တရုတ်- မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင် ကာကွယ်ရေး ဝန်ကြီးဌာနတို့ အကြား ဒုတိယအကြိမ်မြောက် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ရာ မြန်မာ့ငြိမ်းချမ်း ရေးအတွက် တရုတ်ဘက်မှ အပြုသဘောကူညီရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပြန်လည်တည်ငြိမ်ရေး၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံဖြိုးတိုးတက် ရေးတို့ကို ဆွေးနွေးကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲကို မြန်မာဘက်မှ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင့်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက်ပြီး တရုတ်ဘက်မှ ဒု နိုင်ငံခြားရေးဝန်ကြီး Mr. Lui Zhenminနှင့် တရုတ် ဗဟို စစ်ကော် မရှင် ပူးတွဲ စစ်ဦးစီးချုပ်ရုံမှ ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး Zhao Yuan Menတို့ တက်ရောက်ခဲ့ ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ တရားမဝင် ဝင်ရောက်မှုများ တားဆီးရေး၊ တရားမဝင်ကုန်သွယ်မှု တားဆီးရေး၊ နှစ် နိုင်ငံ နယ်နိမိတ် မြစ်ချောင်းများ ထိန်းသိမ်းကာကွယ်ရေးတွင် ကမ်းပြိုမှုမဖြစ်စေရန်၊ မြေထိန်းနံရံတည်ဆောက် ရာတွင် နယ်နိမိတ်စာချုပ်အတိုင်း ဆောင်ရွက်ရန်လည်း ဆွေးနွေးကြောင်း ဖော်ပြထားပါတယ်။
ဗဟိုအစိုးရအဆင့် ပထမအကြိမ် တရုတ်- မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင် ကာကွယ်ရေး ဝန်ကြီးဌာန (၂+၂) ဆွေးနွေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။