သတင်းတို
မောင်တော ခရိုင်၌ ထုတ်ပြန်ထားသည့် ပုဒ်မ- ၁၄၄ ကို ပြင်ဆင်
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ထုတ်ပြန်ထားသည့် ပုဒ်မ- ၁၄၄ အရ ညမထွက်ရအမိန့်ကို ပြင်ဆင်လိုက်ကြောင်း အစိုးရသတင်းတွင် ရေးသားထားသည်။
လျော့ချပြင်ဆင်သည့် အမိန့်တွင် မောင်တောခရိုင်အတွင်း ပြည်သူတို့သွားလာရာ လမ်းမကြီး၊ လမ်း သွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦး ထက်ပိုသော လူများစုဝေးခြင်းမပြုလုပ်ရန်နှင့် ညမထွက်ရအမိန့်ကို ည ၇နာရီမှ နောက်တနေ့ နံနက် ၆နာရီအစား၊ ည ၉နာရီမှ နံနက် ၅နာရီအထိ ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
အခြေအနေ တည်ငြိမ်အေးချမ်းလာသည့်နှင့် အမျှ ညမထွက်ရအမိန့်ကို လျောချပေးသွား မည်ဖြစ်ကြောင်း သိရသည်။