မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိသွားကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အဖွဲ့က ယနေ့ပြောလိုက်ပါတယ်။
သေဆုံးသူများတွင် ကလေး ၂ဦးပါဝင်ပြီး၊ သူတို့ရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရရှိခဲ့သူတွေကိုလည်း ရွေ့ပြောင်းပေးခဲ့တယ်လို့ အမျိုးသား သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီမှ Sutopo Purwo Nugroho ကပြောပါတယ်။
ဘာလီ မိုးလေဝသ ရာသီဥတုနှင့် ဘူမိရူပဆိုင်ရာ အေဂျင်စီက မိုးသည်းထန်စွာရွာသွန်းမှုဟာ ဘန်လီ၊ ဂျမ်ဘရာနာ၊ ဘူလီလမ်၊ တာဘန်နန် စတဲ့ဒေသတွေမှာ စနေနေ့ တိုင်အောင် ဆက်လက်ရွာနေမယ်လို့ ခန့်မှန်းလိုက်ပြီး ဒေသခံလူထုအနေနဲ့ အမြဲတမ်း သတိရှိဖို့ တိုက်တွန်းထားပါတယ်။