သတင်းတို

တိုင်းရင်းသားတပ်များနှင့် တပ်မတော်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော်တို့ အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းမြောက်တွင် အခြေစိုက်ထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း ) အမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တပ်များနှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း လက်နက်ကိုင် အဖွဲ့များက ဧရာဝတီ ကို ပြော သည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ဆောင်နေသည့် အစိုးရ တပ်မတော် စစ်ကြောင်းများနှင့် KIA / TNLA တပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း KIA ယူနီဖောင်းဝတ် အလောင်း ၂ လောင်းနှင့် လက်နက် ပစ္စည်းတချို့ကိုပါ သိမ်းဆည်း ရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။

KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး နော်ဘူးက “KIA တပ် သား ၂ လောင်းရတယ် ဆိုတာတော့ ကျနော်တို့လည်း အတည်ပြုလို့ မရပါဘူး၊ ကျနော်တို့ အောက်ခြေက ရတဲ့ သတင်း တွေအရ ဆိုရင်တော့ တပ်မတော်ဘက်ကလည်း အသေအပျောက် အတော်များတယ်လို့ သိရတယ်” ဟု ဧရာဝတီ ကို ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ် စသည့် မြို့နယ်တို့တွင်လည်း အစိုးရ တပ်မတော်မှ စစ်ရေး အင်အား တိုးချဲ့နေပြီး တိုက်လေယာဉ်များ နေ့စဉ်ပျံသန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

TNLA အဖွဲ့မှ ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် က ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့နယ်တွင်လည်း အစိုးရ တပ်မတော်ဘက်မှ ၁၀၅ မမ၊ ၈၈ မမ လက်နက်ကြီးများဖြင့် TNLA တပ်စခန်းများဘက်သို့ မကြာခဏ ပစ်ခတ်မှုများရှိပြီး ယနေ့တွင်လည်း ဆက်တိုက် ပစ်ခတ်နေကြောင်း၊ သို့သော် ထိခိုက်ကျဆုံးမှု မရှိကြောင်း ဧရာဝတီ ကို ပြောသည်။

ကိုးကန့် (MNDAA) အဖွဲ့နှင့်အစိုးရ တပ်မတော်တို့ အကြားတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ယနေ့အထိ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ MNDAA ဘက်မှ ကူညီ တိုက်ခိုက်ပေး နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှူး စောစန်းအောင် က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading