မြောင်းမြအခြေစိုက် အမှတ် ၉၃ ခြေလျင်တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိမ်းယူထားသည့် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများအား ပြန်ပေးရန် မြောင်းမြမြို့ခံ လယ်သမားများက “ခလရ ၉၃ သိမ်းဆည်းမြေများ ပြန်ပေးရေး”၊ “ဆောက်လုပ်ရေး ဝန်ကြီးဌာန သိမ်း ဆည်းထားသော ပိုလျှံမြေများပြန်ပေးရေး”၊ “ထောက်လှမ်းရေးတပ်အကြောင်းပြ သိမ်းဆည်း မြေများ ပြန်ပေးရေး” ပို့စတာများကိုင်ကာ မြို့တွင်းလှည်လည်ကာ ယနေ့ဆန္ဒဖော်ထုတ်သည်။
အမှတ် ၉၃ ခြေလျင်တပ်ရင်းက တပ်လုံခြုံရေးအရ သိမ်းယူခဲ့သည့် သဇင်ကုန်းကြီးကျေးရွာအုပ်စု သဇင်ကုန်းလေးကျေးရွာရှိ တောင်သူ ၃၂ ၏ သီဟိုဠ်စိုက်ခင်း ၂၉၄ ဧက၊ စစ်ထောက်လှမ်းရေး တပ်ဆွယ် ဆောက်လုပ်ရန် သိမ်းယူခဲ့သည့်မြေ ၄ ဧက၊ ဆောက်လုပ်ရေ ဝန်ကြီ၊းဌာနမှ မြောင်းမြကြိုးတံတား ဆောက်လုပ်ရန်သိမ်းယူခဲ့သည့် မြေ ၁၃ ဧကနှင့် ပျဉ်းကတိုးကုန်းကျေးရွာ ဥက္ကဋ္ဌ သိမ်းယူသည့်မြေ၈ ဧကတို့အား ပြန်လည်ပေးအပ်ရန် မြောင်းမြမြို့ခံ လယ်သမား ၅၀ ကျော်မှဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
“ပျဉ်းကတိုးကုန်းကျေးရွာ ဥက္ကဋ္ဌမှ သိမ်းဆည်းြမေများ ပြန်ပေးရေး”၊ “၁၈၉၄ မြေသိမ်းဥပဒေကို ဆန့်ကျင်ကာ သိမ်းယူခဲ့သည့်မြေများ ပြန်ပေးရေး”၊ “မမှန်မကန်ဆောင်ရွက်သော လယ်စစ်အဖွဲ့များ အား အရေးယူပေးရေး”၊ “အကျင့်ပျက်ဝန်ထမ်းများအလိုမရှိ”စသည်တို့ကိုလည်း ပို့စတာများတွင် ရေးသားထားသည်။