ထိုင်ဝမ်ကျွန်း အနောက်တောင်ဘက်ကမ်းခြေကို ဗဟိုပြုပြီး ပြင်းအား ၅.၆ မဂ္ဂနီကျု့ရှိ ငလျင်တခု ယနေ့ ဒေသစံတော်ချိန် ၁နာရီ ၁၂မိနစ်မှာ လှုပ်ခတ်သွား ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ယင်းငလျင်ဟာ တိုင်နန်မြို့ တောင်ဘက် ၁၂မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ဆက်တွဲ ငလျင် ၂ခုလည်း လှုပ်ခတ်ခဲ့ကြောင်း၊ ယခုအချိန်အထိ အပျက်အစီး ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးးကြောင်း ထိုင်ဝမ် ရာသီဥတုဆိုင်ရာ ဗျူရိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလအတွင်းက ထိုင်ဝမ်နိုင်ငံမှာ လှုပ်ခတ်တဲ့ ပြင်းအား ၆.၄ မဂ္ဂနီကျ့ ရှိ ငလျင်ကြောင့် ၁၇ထပ်ရှိတဲ့ အဆောက်အဦပြိုကျရာ ၁၅ဦးသေဆုံးကာ လူ ၁၃၀ ပျောက်ဆုံးခဲ့ပါတယ်။