သတင်းတို

အင်ဒိုနီးရှားမှာ ပြင်းအား ၅.၂မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခတ်

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် အရှေ့ဘက်ရှိ Lombok ကျွန်း တောင်ပိုင်းမှာ ပြင်းအား ၅.၂ မဂ္ဂနီကျု့ရှိ ငလျင်တခု ယနေ့နံနက်ပိုင်း ၁၁နာရီ ၂၅မိနစ်ခန့် လှုပ်ခတ်သွားကြောင်း အမျိုးသားအဆင့် သဘာ၀ ဘေးအန္တရာယ် လျော့ချရေး အေဂျင်စီ ပြောဆိုပါတယ်။

ငလျင်ဗဟိုချက်ဟာ ဘာလီကျွန်း KlungKung ဒေသအရှေ့တောင်ဘက် ၁၁၁ ကီလိုမီတာကို ဗဟိုပြုကာ အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒေသခံများအဆိုအရ ငလျင်ဟာ ဒန်ပါဆာ၊ ဂိုင်ယာ၊ တာဘန်နန်၊ ကူတာနဲ့ နူဆာပနီဒါ ဒေသမှာ ၅စက္ကန့်ခန့်အကြာ အင်အားပြင်းပြင်းနဲ့ လှုပ်ခတ်သွားတာဖြစ်ကြောင်း၊ မှန်တံခါးများနဲ့ ဘီဒိုတွေဟာ လှုပ်ယမ်းနေကြောင်း၊ Lombokမှာလည်း သိသိသာသာလှုပ်ခတ်တဲ့အတွက် ဒေသခံတွေ ကမ္ဘာလှည့် ခရီးသွားတွေဟာ အဆောက်အဦအပြင်ဘက်ကို ပြေးထွက်နေရကြောင်း သိရပါတယ်။

လတ်တလောအချိန်အထိတော့ အပျက်အစီး ထိခိုက်သေကျေမှုသတင်းတွေထွက်ပေါ်မလာသေးပေ မယ့် စုံစမ်းနေတယ်လို့ သိရပါတယ်။

မနေ့ကလည်း ထိုင်ဝမ်ကမ်းရိုးတန်းဒေသမှာ ပြင်းအား ၅.၆ မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး၊ အလားတူ ဖိလစ်ပိုင်နိုင်ငံ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆. ၅ မဂ္ဂနီကျု့ရှိ ငလျင်ကြောင့် ၆ဦး သေဆုံးကာ ၁၂၀ကျော် ဒဏ်ရာခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading