မြောက်ကိုရီးယားက နျူကလီးယား ထိပ်ဖူးတပ် တာလတ်ပစ် ဒုံးပျံတစင်းကို အောင်မြင်စွာ ပစ်လွှတ်လိုက်တယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းအေဂျင်စီ(KCNA) ရဲ့ကြေညာချက်မှာ Pukguksong-2 အမည် ပေးထားတဲ့ မဟာဗျူဟာမြောက် ဒုံးပျံကို အောင်မြင်စွာနဲ့ ပစ်လွှတ်စမ်းသပ်နိုင်လိုက်တယ်လို့ ပါရှိပါ တယ်။
အဆိုပါ ဒုံးပျံဟာ လောင်စာခဲသုံး မြေပြင်မှ မြေပြင်ပစ် ဒုံးပျံအမျိုးအစားဖြစ်ပြီး၊ ပစ်လွှတ်စမ်းသပ် ရာမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် မှတ်ချက်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။
အဆိုပါ ဒုံးပျံစမ်းသပ်မှုကို မြောက်ကိုရီးယား အနောက်ပိုင်းပြည်နယ် လေတပ်စခန်းတခုကနေ ဂျပန်ပင်လယ်ထဲကို လွှတ်တင်လိုက်တာဖြစ်ပြီး၊ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်အပြင်ကို ကျရောက်သွား တယ်လို့ သိရပါတယ်။
အိမ်နီးချင်း ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ဒီဒုံးပျံကို ပစ်လွှတ်စမ်းသပ် တာဖြစ်တယ်လို့လည်း ပြုံယမ်းကဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ်ကတော့ မြောက်ကိုရီးယားလုပ်ရပ်ကို ကန့်ကွက်လိုက်ပြီး သည်းမခံစရာလုပ်ရပ်လို့ ဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးပျံလွှတ်တင်မှုဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ ဒုံးပျံကို လွှတ်တင်လိုက်တာဖြစ်ပါတယ်။