ဗြိတိသျှ အဆိုတော် အဒဲလ် (Adele) က နာမည်ကျော် ဘီယွန်စေး၊ ဂျပ်စတင်ဘီဘာ၊ မိုက်ခ်ပိုစနာနဲ့ လုကပ်ဂရေဟမ် တို့ကို ဖြတ်ကျော်ကာ ထိပ်တန်းဂရမ်မီဆု ၃ ဆုဖြစ်တဲ့ အကောင်းဆုံး အယ်လ်ဘမ်ဆု၊ အကောင်းဆုံး အသံဖမ်းဆုနဲ့ တနှစ်အတွင်း အကောင်းဆုံး သီချင်းဆုတွေ ရရှိခဲ့ပါတယ်။
ယမန်နေ့က အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိမှာ ပြုလုပ်တဲ့ ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အဒဲလ်ရဲ့ “Hello” သီချင်းက တနှစ်တာ အကောင်းဆုံး ရရှိခဲ့တာပါ။ “ကျမရဲ့ စံပြုအလေးထားရသူက ဘီယွန်စေးပါ။ ကျမ လေးစား နှစ်သက်သူပါပဲ” လို့လည်း ဂရမ်မီဆု ပေးပွဲ တက်ရောက်စဉ် အဒဲလ် က ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ အဒဲလ်ကို ၁၉၈၈ ခုနှစ် မေ ၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ တော့တင်ဟမ်မှာ မွေးဖွားပြီး ၂၀၀၆ ခုနှစ်မှာ BRIT School ကနေ အနုပညာဘွဲ့ ရရှိခဲ့ပါတယ်။