တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အသတ်ခံရစဉ်က AP သတင်းဌာနမှ ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ကို ၂၀၁၇ခုနှစ် ကမ္ဘာ့သတင်းဓာတ်ပုံဆုအတွက် ရွေးချယ်လိုက်ကြောင်းသိရပါတယ်။
AP ဓာတ်ပုံ သတင်းထောက် ဘာဘန် အော့ဇ်ဘလစ်စီ မှာ လူသတ်သမား တူရကီ ရဲအရာရှိက သံအမတ်ကြီး၏ အလောင်းအပေါ်မှ မတ်တပ်ရပ်ကာ သေနတ်ကို အပေါ်သို့ မြှောက်ထားပုံကို ရိုက် ကူးခဲ့ခြင်းဖြစ်ပါတယ်။
ဓာတ်ပုံသတင်းထောက် အောဇ်ဘလစ်စီဟာ သူ့ရဲ့ပုံတွေကို “တူရကီမှ လုပ်ကြံသတ်ဖြတ်မှု”လို့ ခေါင်းစဉ်ပေးထားပြီး၊ လူသတ်သမား ရဲအရာရှိရဲ့ သံအမတ်ကြီးကို မပစ်သတ်မီ နဲ့ ပစ်သတ်ပြီး အခြေအနေကို ရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပါတယ်။
ရုရှားသံအမတ်ကြီး အန်ဒရေ ကာလောဗ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အန်ကာရာမြို့က ဓာတ်ပုံပြပွဲတခုမှာ အဖွင့်မိန့်ခွန်းပြောနေစဉ် တူရကီရဲအရာရှိက သေနတ်နဲ့ အနီးကပ်ပစ်သတ်လိုက် ခြင်းဖြစ်ပါတယ်၊ ရုရှားသံအမတ်သေဆုံးမှုကို IS ကသူတို့လက်ချက်လို့ ဆိုထားပါတယ်။