ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လာမည့် ဇူလိုင်လမှာ ကျင်းပမယ့် G -20 ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ သမ္မတပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရုရှားသတင်းတွေမှာဖော်ပြပါတယ်။
ဒါပေမယ့် ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တိကျတဲ့ စီစဉ်ပြုလုပ်မှုမျိုးတော့ မရှိသေးဘူး၊ ရက်ကိုလည်း တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ သမ္မတပူတင်ရဲ့ အဆိုအရ သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေဆုံဖို့နေရာဟာ ဆလိုဗေးနီးယားနိုင်ငံ မြို့တော် Ljubljana မှာ ဖြစ်နိုင်တယ်လို့ ဆိုပေမယ့်၊ ဒီနေရာမှာ ယခင်က သမ္မတအိုဘားမားနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဘက် သမ္မတတွေအနေနဲ့တော့ ယိုယွင်းနေတဲ့ ရုရှား- အမေရိကန်ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့ ဆန္ဒရှိနေပြီး၊ မကြာသေးမီက သမ္မတ ၂ဦး ဖုန်းနဲ့ စကားပြောခဲ့တာက ကောင်းမွန်တဲ့ ဆက်ဆံရေးစတင်ခြင်းလို့ ဆိုရမှာပါ။
အဆိုပါ ဖုန်းနဲ့ စကားပြောစဉ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ယူကရိန်းအရေးတွေကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။