သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေး Michael Flynn ဟာ ရာထူးမှနုတ်ထွက် သွားကြောင်း သမ္မတအိမ်ဖြူတော်မှာ မနေ့က ကြေညာခဲ့ပါတယ်။သူ့ရဲ့နေရာမှာ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Keith Kellog ကို ခန့်အပ်လိုက်ကြောင်းသိရပါတယ်။
အမေရိကန်မီဒီယာတွေကတော့ Flynnဟာ သမ္မတဒေါ်နယ်ထရမ့် တရားဝင်ကျမ်း သစ္စာမကျိန်ဆိုမီမှာ ရုရှားအပေါ်ချမှတ်ထားတဲ့ ဆန်ရှင်နဲ့ ပတ်သက်ပြီး ရုရှားသံအမတ် Kislyak နဲ့ ပြောဆိုဆွေးနွေး တာကြောင့်လို့ဆိုပါတယ်။
သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ Flynn ဟာ ရုရှားသံအမတ်နဲ့ ဆက်သွယ်ကာ ဖုန်းပြောကြားခဲ့တာဖြစ်ပါပြီး၊ သူဟာ သံတမန်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နိုင်ငံသားများအား ပြည်ပနှင့်ဆက်သွယ်ခြင်းကို တားမြစ်ထားသည့် ဥပဒေကို ချိုးဖောက်တဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
Flynn ရဲ့ နှုတ်ထွက်စာမှာတော့ သူ့နဲ့ ဆက်သွယ်ခဲ့တဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ် Sergey Kislyak နဲ့ပတ်သက်လို့ သတင်းအပြည့်အစုံကို အိမ်ဖြူတော်ကို မပေးခဲ့ဘူးလို့ ပါရှိပါတယ်။