မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ အကိုဝမ်းကွဲ ကင်ဂျုံနမ် သေဆုံးရခြင်းမှာ ဓာတုဆေး ရည်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက တရားဝင်ထုတ်ပြန်လိုက် ပါတယ်။
အသက် ၄၆နှစ်အရွယ်ရှိ ကင်ဂျုံနမ်ဟာ မနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်ကနေ မကာအိုကိုသွားဖို့ ပြုလုပ်နေစဉ် အမျိုးသမီး ထောက်လှမ်းရေး ၂ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပြီး၊ သူ့ကို လေဆိပ်ကနေ ဆေးရုံကို သယ်ယူစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံနမ်၏ အလောင်းကို စစ်ဆေးပြီးတဲ့နောက်မှာ ထိုသို့ မလေးရှားအာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုခြင်းဖြစ်ပါတယ်။
အမေရိကန်တို့ကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ထောက်လှမ်းရေးတွေ ပါဝင်နေတယ်လို့ ယုံကြည်ကြောင်းဆိုပေမယ့်၊ ယတိပြတ်ပြောဆိုခြင်းတော့ မရှိပါဘူး။
ထိုသို့သော လုပ်ကြံသတ်ဖြတ်မှု သတင်းသာမှန်ပါက မြောက်ကိုရီးယား ခေါင်းဆောင်မှု ဇာတ်လမ်းများ တွင် မထင်မှတ်သော အလှည့်အပြောင်းဖြစ်လာနိုင်သည်ဟု သတင်းများက သုံးသပ်ပါတယ်။
လက်ရှိမြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီနဲ့ ညီအကိုဝမ်းကွဲတော်စပ်သူ ကင်ဂျောင်နမ်ကို ကင်ဂျုံအီနှင့် ရုပ်ရှင်မင်းသမီး ဆောင်းဟေရင် တို့မှ ၁၉၇၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ ထိုစဉ်က အဖိုးဖြစ်သူ မြောက်ကိုရီးယားကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး ကင်အီဆွန်က သဘောမတူသဖြင့် သူ၏ ငယ် ဘဝမှ လျှိုဝှက်စွာ ကြီးပြင်း ခဲ့ရပါတယ်။
၁၉၇၉ခုနှစ်မှာ အဖွားဖြစ်သူနှင့် မော်စကိုတွင် နေထိုင်ရန် မြောက်ကိုရီးယားမှ ထွက်ခွာခဲ့ပြီး၊ ၁၉၈၈ ခုနှစ် မြောက်ကိုရီးယားသို့ မပြန်မီ ရုရှားနှင့် ဆွစ်ဇာလန်ရှိ နိုင်ငံတကာကျောင်းများတွင် ပညာသင်ယူခဲ့ပါတယ်။
အကြီးဆုံးသားဖြစ်သည့်အတွက် ရာထူးဆက်ခံမည်သူ့ ယူဆခဲ့သော်လည်း နိုင်ငံကူးလက်မှတ်အတု ဖြင့် ဂျပန်သို့ ခိုးဝင်သဖြင် တိုကျို နာရီတာလေဆိပ်တွင် ဖမ်းမိခဲ့ပါတယ်။
ထိုဖြစ်ရပ်မှာသိက္ခာကျဆင်းစေသောအလှည့်အပြောင်းဖြစ်သည်ဟုယူဆကြပြီးနောက်ပိုင်းတွင်သူသည်မြောက်ကိုရီးယားတွင်နေထိုင်ပုံမရတော့ပေ။