တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာ နှစ်သစ်ကူးအကြိုညက လူပေါင်း ၃၉ဦး သေဆုံးခဲ့ရတဲ့ ရေနာကလပ် တိုက်ခိုက်မှုနောက်ကွယ်က ကြိုးကိုင်သူလို့ ယူဆရသူကို တူရကီ ရဲတပ်ဖွဲ့က ထိန်း သိမ်းလိုက်ပါတယ်။
ဖမ်းဆီးထားသူမှာ အသက် ၂၂နှစ်အရွယ်ရှိ ပြင်သစ်- တူရကီ အနွယ်ဖွားဖြစ်ပြီး၊ ရေနာကလပ်တိုက် ခိုက်မှုရဲ့ စီစဉ်သူများထဲမှ တဦးလို့ အာဏာပိုင်တွေက ယုံကြည်ကြောင်း တူရကီမီဒီယာတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်သစ်ကူးအကြိုညက လူပေါင်း ၃၉ဦးသေဆုံးကာ ၆၅ဦး ဒဏ်ရာရှိခဲ့တဲ့ တိုက်ခိုက်မှုကို IS အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ ပေမယ့်၊ အခုဖမ်းဆီးထိန်းသိမ်းထားသူဟာ IS နဲ့ အဆက်အသွယ်ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။
ရေနာကလပ်ကို တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ ဥဇဘက်လူမျိုး Abdulkadir Masharipov ဆိုသူကို လုံခြုံရေးတပ်ဖွဲ့တွေ က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။