ပင်လယ်နက်ထဲ ဝင်လာသည့် အမေရိကန်ဖျက်သင်္ဘော USS Porter ကို ရုရှားSu-24 တိုက် လေယာဉ် ၄စင်း က ဟန့်တားနှောက်ယှက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက
အမေရိကန်ဖျက်သင်္ဘော USS Porter ဟာ နိုင်ငံတကာရေပြင်မှာ ခုတ်မောင်းနေတာဖြစ်ပြီး၊ ရုရှား တိုက်လေယာဉ် ၄စင်းနဲ့ ပင်လယ်ပြင်ကင်းလှည့်လေယာဉ်များက ပုံမှန်မဟုတ်တဲ့ ပျံသန်းမှုကို ပြုလုပ်ပြီး အနီးကပ်နှောက်ယှက် ခြင်းဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလိုအမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ပြောဆိုမှုကို ရုရှားစစ်ဘက်ကတော့ ငြင်းဆို ပါတယ်။
အမေရိကန်ဖျက်သင်္ဘောက ရုရှား တိုက်လေယာဉ်မျာကို ရေဒီယိုဆက်သွယ်မှု ပြုလုပ်ပေမယ့် တုံ့ပြန် တာမရှိဘူး၊ ဆက်သွယ်လို့ရမယ့် Transponder တွေကို ပိတ်ကာပျံသန်းနေတယ်လို့ ဆိုပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အမေရိကန်ဖျက်သင်္ဘောဟာ နိုင်ငံတကာ ရေပြင်ပိုင်နက်မှာ ပုံမှန် လှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပြီး၊ ရုရှားလေယာဉ်တွေဟာ ကိုက် ၂၀၀ အကွာအဝေးကနေ ကပ်ပြီးပျံသန်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက မစ်ချယ် ဘလက်ဒန်ဇာက ဖျက်သင်္ဘော USS Porter နားမှာ ရုရှားလေယာဉ်တွေ ပျံသန်းမှုဟာ အကြိမ်များစွာဖြစ်ခဲ့ကြောင်း၊ ထို့အတွက် မတော် တဆမှုများ နဲ့ တွက်ချက်မှု လွဲချော်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးက ဒီစွပ်စွဲချက်ကို ငြင်းဆန်လိုက်ပြီး၊ အမေရိကန် စစ်သင်္ဘောအနီးမှာ ဘာမှ မဖြစ်ခဲ့ဘူးလို့ ငြင်းပါတယ်။