မြောက်ကိုရီးယား ခေါင်ဆောင် ကင်ဂျုံအန်း၏ ဖအေတူမအေကွဲ ညီအကို ကင်ဂျုံနမ်ကို သတ်သည်ဟု သံသယရှိသူ အမျိုးသမီး ၂ဦးသည် မြောက်ကိုရီးယား သူလျှို မဖြစ်နိုင်ကြောင်း၊ လုပ်ကြံမှုကျူး လွန် ရန် အယုံသွင်းခံရသူဖြစ်ဟု The Straits Times သတင်းက ဆိုပါတယ်။
သူတို့ဟာ လုပ်ကြံသတ်ဖြတ်ရေးတာဝန်ကို မဆောင်ရွက်မီ လွန်ခဲ့သော ၃ လက တရုတ်နိုင်ငံတွင် အမျိုးသားတဦးနှင့် တွေ့ရန် နေထိုင်ခဲ့ကြကြောင်း ၊ ထိုကာလမှာ အမျိုးသမီး သက်တော်စောင့်အဖြစ် လုပ်ကိုင်နေခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
၎င်းတို့နှင့် မိတ်ဆွေဖြစ်ခဲ့ကြသော အမျိုးသားသည် သူလျှို တဦးဖြစ်ပြီး၊ ၎င်းက ဒေါင် ကို လူ ၄ဦးနှင့်မိတ်ဆက်ပေးခဲ့ကြောင်း၊ ထိုအမျိုးသားက အပျော်အပျက်ဗီဒီယိုရိုက်ရန် လူရှာခိုင်းရာမှ အင်ဒိုနီးရှားသူ Siti Aisyahပါဝင်လာခြင်း ဖြစ်ပြီး၊ ထိုအမျိုးသမီး ၂ဦးကို လုပ်ကြံမှု အပျော်အပျက် ဇတ်လမ်းရိုက်ရန်ဆိုကာ အကြိမ်ကြိမ် ဇတ်တိုက်ခိုင်းရာ ကျွမ်းကျင်စွာ လုပ်ဆောင်စေကာ Siti Aisyah က မျက်နှာကိုလက်ကိုင်ပုဝါဖြင့်အုပ်ပြီး ဒေါင်က ဆေး ရည်ကို အသုံးပြုခဲ့ကြောင်း၊ ၎င်းတို့ အပျော်ဗီဒီယို ရိုက်နေသော ကြောင့် ယခုကဲ့သို့ ဒုက္ခရောက်မည်ကို မသိဟု အထက်ပါ သတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၂၅နှစ်အရွယ်ရှိ ဗီယက်နမ်သူ ဒေါင်ကို ဗုဒ္ဓဟူးနေ့ ကွာလာလမ်ပူလေဆိပ်မှ လေယာဉ်ဖြင့်ပြန်လည် မထွက်ခွာမီ ဖမ်း မိခြင်း ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah ကိုနောက်တရက်အကြာ နံနက် ၂ နာရီတွင်ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ပါတယ်။
ယခုအခါ ၎င်းတို့နှင့် သိရှိခဲ့သည့် အမျိုးသား ၄ဦးကို ရဲက အပြင်းအထန်ရှာဖွေနေတယ်လို့ ဆိုပါတယ်။