ကင်ဂျုံနမ်အသတ်ခံရမှုနှင့် ပတ် သက်ပြီး မလေးရှားအာဏာပိုင်များ ရီဂျောင်ချူးဆိုသူ မြောက်ကိုရီးယား နိုင်ငံကူးလက်မှတ်ကိုင်ဆောင် သူကို မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါဟာ စတုထ္တမြောက် မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူဖြစ်ပြိး၊ ရီဂျောင်ချူးဟာ အသက် ၄၆နှစ် အရွယ် ရှိသူလို့ လည်းသိရပါတယ်။
ပြီးခဲတဲ့ တနင်္လာနေ့က ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ဖအေတူမအေကွဲအကို ကင်ဂျုံနမ်ရဲ့ အမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရသူ အသက် ၂၈နှစ်အရွယ်ရှိ ဗီယက်နမ်သူ ဒေါင်သီဟောင်း၊ အသက် ၂၅နှစ်အရွယ် အင်ဒိုနီရှားသူ Siti Aisyah နဲ့ သူ့ရဲ့ရည်းစား မလေးရှားတဦးအပြင် ယခု မြောက်ကိုရီးယား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူကို ထပ်မံဖမ်းဆီးခြင်းဖြစ်ပါတယ်။
ဒီသတ်ဖြတ်မှုမှာ မြောက်ကိုရီးယားတွေ နောက်ကွယ်က ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ် နေသလို၊ ရုပ်အလောင်းကို စစ်ဆေးရာမှာ သူတို့မပါဝင်တဲ့အတွက် ထွက်ရှိလာတဲ့ အဖြေကိုလည်း ပယ်ချမယ်လို့ မြောက်ကိုရီးသံအမတ် Kang Chol ကဆိုပါတယ်။
ဒါဟာ မြောက်ကိုရီးယားဘက်က ပထမဆုံးထုတ်ပြန်တာဖြစ်ပြီး၊ သူတို့ကတော့ သူတို့နိုင်ငံသား ကင်ဂျုံနမ်ဟာ နှလုံးရောဂါနဲ့ သေဆုံးတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကင်ဂျုံနမ်ရဲ့ အလောင်းကို စစ်ဆေးဖို့ သယ်ဆောင်စဉ် ကွာလာလမ်ပူ ဆေးရုံကြီးရှေ့မှာ မြောက်ကိုရီးယား သံရုံးတာဝန်ရှိသူတွေရဲ့ ကားတစီး လာရောက်ခဲ့တာကို တွေ့ရပါတယ်။