ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၅၆ နှင့် ၅၇ ကြား နယ်စပ်စည်း ရိုး၌ လုံခြုံရေးယူထားသည့် တပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ တောင်ကုန်းတွင် နေရာယူ ထားသည့် အင်အား ၃၀ခန့်ပါ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ မနေ့ကသတင်းထုတ်ပြန်ပါတယ်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုမှာ ၅မိနစ်ခန့်သာကြာခဲ့ပြီး၊ ပစ်ခတ်သည့်အဖွဲ့မှာ အရှေ့ဘက်သို့ ဆုတ် ခွာသွားကြောင်း၊ မြန်မာတပ်ဖွဲ့များဘက်မှ ဒု တပ်ကြပ် ဝင်းသန်း၊ တပ်သားရဲထက် ဒဏ်ရာအနည်း ငယ်ရရှိသွားကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင် စသည့်ဒေသများရှိ နယ်စပ်ကင်းစခန်းများ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရပြီးတဲ့နောက်မှာ တပ်မတော်က နယ်မြေရှင်းလင်းများ လုပ်ဆောင်ခဲ့ပါတယ်။
ယခုအခါမှာတော့ တပ်မတော်ဟာ နယ်မြေရှင်းလင်းရေးတွေကို ဆောင်ရွက်ခြင်းမရှိတော့ပဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသာ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၁၇ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။