သတင်းတို

စိတ်ကြွဆေး ၇သန်းကျော် ထိုင်း ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ မြောက်ပိုင်းက Thoen ခရိုင်မှာ ထိုင်းဘတ် ၂သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေး ၇.၄သန်း ကျော်နဲ့ Ice ၂၀ ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post  သတင်းကဆိုပါတယ်။

ဒါဟာ နှစ် ၂၀အတွင်း မြောက်ပိုင်းဒေသမှာ အများဆုံးဖမ်း မိတာဖြစ်ကြောင်း လည်း ဆိုပါတယ်။

ပြီးခဲတဲ့သောကြာနေ့ ညနေက မသင်္ကာဖွယ် ပစ်ကပ်ကားတစီးဟာ ဝိန်းမောရဲစခန်းရှေ့ကနေ အမြန်မောင်းသွားတဲ့အတွက် ရဲတပ်ဖွဲ့က လိုက်လံတားဆီးရာ ဆက်လက်မောင်းနှင်နေတဲ့ အတွက် ကားတာယာကို သေနတ်ဖြင့် ပစ်ကာဖမ်းဆီးခဲ့ရကြောင်း၊ ယာဉ်မောင်းဟာ ကားကိုထားပြီး တော ထဲသို့ ထွက်ပြေးခဲ့ကြောင်း၊ တဦးကိုတော့ ဖမ်းမိခဲ့ပြီး ကျန်သူ ၂ဦးဟာ လွတ်မြောက်သွားကြောင်း သိရပါတယ်။

ကားကိုရှာဖွေရာမှာတော့ ဓာတ်မြေသြဇာအိတ်ခွံတွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေး ၃.၄ သန်းနဲ့ မက်သာဖက်တမင်း ၂၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းမိသူဟာ အသက် ၃၂နှစ်အရွယ်ရှိ ဝိချဝတ် ဆသာဆိုသူဖြစ်ပြီး၊ ထွက်ပြေးသွားသူ ၂ယောက် နောက်ကို ရဲက လိုက်နေပါတယ်။

နောက်ဆက်တွဲ ဖော်ထုတ်ချက်အရ တောထဲမှာ ဝှက်ထားတဲ့ စိတ်ကြွဆေး ၄. ၃သန်းကိုလည်း ထပ်မံ ဖမ်းဆီးမိခဲ့ပါတယ်။

သူတို့ဟာ မူးယစ်ဆေးတွေကို ချင်းရိုင်ကနေ ဘန်ကောက်ကိုပို့ဆောင်နေတာဖြစ်ပြီး၊ ရဲက နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်သူတွေ အဆိုရ သူတို့ဟာ စစ်ဆေးရေးဂိတ်ရှိတဲ့ လမ်းမကြီးတွေကို ရှောင်ကွင်းကာ လန်ပန်းခရိုင်ထဲကနေ ဆူခိုထိုင်းကို သွားဖို့ လုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်။

Loading