သတင်းတို

မြောက်ကိုရီးယား ၄ဦး မလေးရှားရဲ ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ကင်ဂျုံနမ် လုပ်ကြံခံခဲ့ရတဲ့ အမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ် မြောက်ကိုရီးယား ၄ဦးကို မလေးရှား ရဲတပ်ဖွဲ့က ထပ်မံရှာဖွေနေကြောင်း ရဲအရာရှိကြီးတဦးက ယနေ့ ပြောဆိုလိုက်ပါတယ်။

အဆိုပါ မြောက်ကိုရီးယား ၄ဦးဟာ အသက်အားဖြင့် ၃၃နှစ်မှ ၅၇နှစ်အတွင်းဖြစ်ပြီး ကင်ဂျုံနမ် လုပ်ကြံခံရတဲ့ တနင်္လာနေ့မှာပဲ မလေးရှားကနေ ထွက်ခွာသွားပြီလို့ ယူဆထားပြီး၊ ၎င်းတို့ဟာ ရီဂျီဟွန်း၊ ဟောင်ဆောင်ဟက်၊ အိုဂျောင်ဂျယ်နဲ့ ရီဂျီနမ်တို့ ဖြစ်တယ်လို့ နာမည်နှင့်တကွ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မလေးရှားရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြောက်ကိုရီးယား ၄ဦးဟာ သာမန်နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားပြီး၊ သံတမန်ပတ်စ်ပို့ ကိုင်ဆောင်တဲ့လူတွေမဟုတ်ဘူးလို့ သိရပါတယ်။

ကင်ဂျုံနမ်အသတ်ခံရမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ထောက်လှမ်းရေးတွေပါဝင်တယ်လို့ အများကသုံးသပ်ပြောဆိုနေပေမယ့်၊ မလေးရှားရဲတပ်ဖွဲ အရာရှိ Noor Rashid ကတော့ သူတို့ဟာ မြောက်ကိုရီးယား အစိုးရရဲ့ အမိန်နဲ့ လုပ်ဆောင်ခဲ့တာလားဆိုတာကိုတော့ ပြောမသွားပါဘူး။

ရဲအရာရှိ ရာရှစ်က “ကျနော်တို့ဟာ နိုင်ငံရေးနဲ့ တခြားသော အရာတွေကို စိတ်မဝင်စားဘူး၊ ကျနော် တို့ စိတ်ဝင်စားတာက ဘာကြောင့် ကျနော်တို့ တိုင်းပြည်မှာလာပြီး ရာဇဝတ်မှု ကျူးလွန်ရသလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်၊ ကျနော်တို့ရဲ့ အလုပ်ကတော့ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားရုံးရှေ့မှောက် ပို့ဆောင်ဖို့သာဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ဟာ ကင်ဂျုံနမ်ရဲ့ မျက်နှာကို အဆိပ်နဲ့ ပက်သွားတယ်လို့ ယုံကြည်ကြောင်း ရဲတပ်ဖွဲ့ကဆို ပါတယ်။

တောင်ကိုရီးယားကတော့ ဒီကိစ္စမှာ မြောက်ကိုရီးယားအစိုးရ ပါဝင်ပတ်သက်နေတယ်လို့ ဆိုလိုက်ပြီး၊ ဒီအဖြစ်အပျက်မှာ မြောက်ကိုရီးယား ၅ဦးခန့်ပါဝင်ပတ်သက်နေတယ်လို့ ဆိုလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading