တရုတ်ရဲ့သတိပေးနေတဲ့ကြားကပဲ အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson ဟာ ကင်းလှည်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ တောင်တရုတ်ပင်လယ်ကို ထွက်ခွာသွားပါတယ်။
အမေရိကန်ရေတပ်ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်မှာ ပုံမှန်စစ်ရေးတာဝန်တွေပြုလုပ်ဖို့ စတင်တာဖြစ်တယ်လို့ သိရပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ နေရာတော်တော်များကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ကကြွေးကြော်ထား ပေမယ့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဘရူနိုင်း စတဲ့နိုင်ငံတွေနဲ့ ပိုင်နက် အငြင်းပွားနေ တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ Geng Shuangက တရုတ်ပြည် ဟာ တောင်တရုတ်ပင်လယ်ထဲ ကျွန်းတွေကို ပိုင်ဆိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး၊ ဒါပေမယ့် တရုတ် ဟာ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာ ရေကြောင်းနဲ့ လေကြောင်းသွားလာခွင့်ကို လေးစား တယ်၊ ထိန်းသိမ်းမယ်၊ ဒါပေမယ့် တခြားတိုင်းပြည်တွေက တရုတ်ပြည်ရဲ့ အချုပ်အခြာနဲ့ လုံခြုံမှုကို ထိပါးလာရင်တော့ အခိုင်အမာဆန့်ကျင်တယ်လို့ ပြောသွားတယ်။
ဒါအပြင် အမေရိကန်အနေနဲ့ တရုတ်ပြည်ရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးကို စိန်ခေါ်နေမှုနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ဖို့ ထပ်လောင်းပြောခဲ့ပါတယ်။
ဒါဟာ သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်ရေတပ်က တောင်တရုတ်ပင်လယ်မှာ ကင်းလှည့်ဖို့ ပြုလုပ်နေတာဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်အရေး တကျော့ပြန် တင်းမာမှုတွေဖြစ်လာ မှာကို စိုးရိမ်နေကြပါတယ်။