သတင်းတို

ဟစ်တလာ ရဲ့တယ်လီဖုန်း လေလံတင်ရောင်းချ

ဂျာမနီ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ အသုံးပြုခဲ့သည့် တယ်လီဖုန်းကို အမေရိကန်ဒေါ်လာ ၂သိန်း ၄သောင်း ၃ထောင်ဖြင့် မနေ့က လေလံတင်ရောင်းချလိုက်ကြောင်း သိရပါတယ်။

သမိုင်းဝင်ပစ္စည်းများကို လေလ့တင်ရောင်းချတဲ့ အလက်ဇန္ဒား ကုမ္ပဏီမှ အန်ဒရေစ် ကွန်ဖီးလ်က အမည်မဖော်လိုသူ တဦးက မနေ့ နေ့လည်ပိုင်းက လာရောက်ဝယ်ယူသွားခြင်းဖြစ်ကြောင်း ဆိုပါတယ်။

ဟစ်တလာ တယ်လီဖုန်းကို အမေရိကန်ဒေါ်လာ ၁သိန်းမှ စတင်ကာ လေလံတင်ခဲ့ခြင်းဖြစ်ပါတယ်။

ဆေးအနီရောင် သုတ်ထားတဲ့ တယ်လီဖုန်းမှာ နာဇီပါတီရဲ့ အမှတ်အသားနှင့် ဟစ်တလာ၏ အမည် ကိုရေးထိုးထားပါတယ်။ ဒီတယ်လီဖုန်းကို ဘာလင်မြို့ကို သိမ်းပိုက်ခဲ့သည့် ရုရှားအရာရှိများက ဗြိတိသျှ အရာရှိတဦးဖြစ်သူ ဆာ ရေနာကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ဟစ်တလာဟာ ဒီဖုန်းကို ကား၊ ရထားနဲ့ ခရီးသွားတဲ့အခါမှာရော ဌာနချုပ်မှာ နေထိုင်စဉ်မှာရော အသုံးပြုကြောင်းသိရပါတယ်။

Loading