သတင်းတို

အစ္စရေးတောင်ပိုင်း ဒုံးကျည် ၂စင်းဖြင့် ပစ်ခတ်ခံရ

အစ္စရေးနိုင်ငံတောင်ပိုင်း အက်ရှ်ကိုးဒေသကို အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မှနေ၍ က ဒုံးကျည် ၂စင်းနဲ့ ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရတယ်လို့ အစ္စရေးစစ်ဘက်က ပြောဆိုမှုကို ကိုးကားပြီး The Times of Isreal သတင်းက ဆိုပါတယ်။

ပစ်ခတ်ချိန်မှာ ဒုံးကျည်ဟာ လူထူထပ်တဲ့ နေရာကို ဦးတည်တာမဟုတ်တဲ့အတွက် ဒုံးကျည်အချက် ပေး စနစ်ကိုမဖွင့်ခဲ့ဘူးလို့ ဆိုပါတယ်၊ ဒုံးကျည်ကျ ရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှု မရှိ ဘူးလို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်တယ်လို့ ပြောဆိုခြင်းမရှိပေမယ်၊  ဒုံးကျည်မကျရောက်မီ နာရီအနည်း ငယ်အလိုမှာ ဆိုင်းနိုင်းကျွန်းဆွယ်မှာရှိတဲ့ IS အဖွဲ့က အစ္စရေးဟာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့ အတွက် သူတို့အဖွဲ့ဝင် ၅ဦးသေဆုံးတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အီဂျစ်- အစ္စရေးနယ်စပ်မှာ အစ္စရေးမောင်သူမဲ့လေယာဉ်က ကားတစီးကို တိုက်ခိုက်မှုကြောင့် IS အဖွဲ့ဝင် ၅ဦးသေဆုံးခဲ့ပါတယ်။

Loading