သတင်းတို

မလေးရှားနှင့်မြောက်ကိုရီးယားတို့ဆက်ဆံရေးတင်းမာလာ

Want create site? Find Free WordPress Themes and plugins.

ကင်ဂျုံနမ်လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ မလေးရှားက ပြုံယမ်းရှိ သံအမတ်ကို ပြန်လည်ခေါ်ယူ လိုက်ပြီး ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံအမတ်ကိုလည်း မလေးရှား အပေါ်စွပ်စွဲ ပြောဆိုမှု အပေါ်ဖြေရှင်းရန် ဆင့်ခေါ်လိုက်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က မလေးရှားအနေဖြင့် ကင်ဂျုံနမ်လုပ်ကြံခံရမှု ကို စုံစမ်းစစ်ဆေးရာတွင် ပြည်ပအင်အားစုများဖြင့် ပူးပေါင်းကြံစည်နေကြောင်း၊ မလေးရှားအနေဖြင့် သေမှုသေခင်းကို မြောက်ကိုရီးယားကို လွှဲမပေးပဲ ၎င်းတို့ဘာသာ စစ်ဆေးရန် ဆုံးဖြတ်ခဲ့မှုအပေါ် နောက်ကွယ်က ရည်ရွယ်ချက်ကို မေးခွန်းထုတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဖြေရှင်းရန် ဆင့်ခေါ် ခံရခြင်းဖြစ်သည်။

မလေးရှားရဲတပ်ဖွဲ့ကမူ လုပ်ကြံမှုဖြစ်ပွားသည့် ဖေဖော်ဝါရီ ၁၃ရက်နေ့က မလေးရှားမှ ထွက်ခွာသွား သည့် ရီဂျီဟွန်း၊ ဟောင်ဆောင်ဟက်၊ အိုဂျောင်ဂျယ်နဲ့ ရီဂျီနမ် ဆိုသည့် မြောက်ကိုရီးယား ၄ဦးကို ရှာဖွေနေပြီး၊ ဂျာကာတာမှ သတင်းရင်းမြစ်တခု အဆိုအရ သူတို့သည် ဒူဘိုင်း သို့မဟုတ် ဗလာဒီ ဗော့စတော့ကို အရင်ထွက်ပြေးကြောင်း၊ ထိုမှတဆင့် ပြုံယမ်းကို ဆက်သွားကြောင်း၊ သူတို့သည် အာဏာပိုင် များကို မျက်ခြေပြတ်အောင် လမ်းကြောင်းရှည်ကြီးတခုကို ရေးဆွဲကာ လမ်းလွှဲခဲ့ ကြောင်းဆိုသည်။

မလေးရှားရဲတပ်ဖွဲ့ ဒု ရဲချုပ် တန်ဆရီ နို ရာရှစ်ဒ် အီဘရာဟင်က ရဲအဖွဲ့ အနေနဲ့ ထိုသူများကို ဖမ်းဆီး နိုင်ရေး နိုင်ငံတကာရဲအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး၊ သင့်လျော်သော ပြည်ပအဖွဲ့အစည်းများနှင့် လည်း ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ သက်သေတွေ စုဆောင်းကာ အစွမ်းကုန် ဖမ်းဆီးဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ မလေးရှားနှင့် မြောက်ကိုရီးယားတို့ သံတမန်ရေးရာအငြင်းပွားမှုအရှိန်မြင့်နေစဉ်မှာပင် လေဆိပ် ကင်မရာများမှ ရိုက်ကူးထားသော လုပ်ကြံသတ်ဖြတ်ခံရပုံ CCTV ပြကွက်များ ထွက်ပေါ်လာခဲ့သည်။
ဂျပန်ရုပ်သံလိုင်း Fuji TV ကပြသသော CCTV ရုပ်သံပုံများတွင် ကင်ဂျုံနမ်ကို ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်တွင် အမျိုးသမီးတဦးက မျက်နှာကို အာနိသင် သက်ရောက်မှု မြန်သည့် အဆိပ်ဖြင့် ပွတ်ကာ တိုက်ခိုက်ပုံကို ပြသထားသည်ဟုဆိုကြသည်။

ဝက်ဘ်ဆိုဒ် အများအပြားတွင် ပြသနေသည့် CCTV ပုံများတွင် ကင်ဂျုံနမ်သည် အရောင်နု ဂျက်ကက်နှင် ဘောင်းဘီတိုကို ဝတ်ဆင်ကာ ကျောပိုးအိတ်တလုံးကို ပုခုံး၌ လွယ်၍ စစ်ဆေးရေးဂိတ်သို့ သွားနေ စဉ် အမျိုးသမီးတဦးက လက်ဝဲဘက် နောက်ပိုင်းမှ သူ့ထံ ချဉ်းကပ်လာကာ၊ နောက်အမျိုးသမီး တဦး က လက်ယာဘက် နောက်မှ အလျင်အမြန်လိုက်လာပြီး ရုန်းရင်ဆန်ခပ် အနည်းငယ်ဖြစ် သွားပုံကို ဖော်ပြထားသည်။

အခြားထောင့်တခုမှ ရိုက်ထားသည့် ဗီဒီယိုတွင်မူ အင်္ကျီဖြူဝတ်ထားသည့် အမျိုးသမီးသည် နောက် ဘက်မှ ရုတ်တရက် ထိုးဝင်လိုက်ပုံရပြီး၊ ကင်ဂျုံနမ်၏ ခေါင်းပေါ်သို့ တစုံတခုကို ပစ်လိုက်ကာ သူ့ကို သူမ၏ လက်ဖြင့် ခဏတာမျှ ချုပ်ထားသည့် ပုံဖြစ်သည်။

ထို့နောက် အဆိုပါ အမျိုးသမီးထွက်သွားပြီး ကျန်အမျိုးသမီးက အခြားတဘက်မှ အမြန်လှုပ်ရှားကာ ဆံပင် အနည်းငယ်ပြောင်နေသော ကင်ဂျုံနမ်မှာ လဲပြိုသွားပြီးနောက် မျက်နှာကို သုတ်ကာ အခြား သူများကို အကူအညီတောင်းပြီးနောက် ဆေးခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading