ထိုင်းနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် ဝပ်ဖရာ့ ဓမ္မကာယ ဂိုဏ်း ပြဿနာနှင့် ပတ်သက်၍ ပါဝင်သူများ အားလုံး စိတ်ရှည်ရှည်ထားရန် ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလန်ချိုင် ဆစ်တီဆတ်က ပန်ကြား လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး ချာလန်ချိုင် ဆစ်တီဆတ် က အချိန်ဆုံးရှုံးခြင်းသည် သွေးထွက်သံယိုဖြစ်ခြင်းထက် ပိုမို ကောင်းမွန်ကြောင်း၊ စစ်တပ်သည် ကျောင်းဝန်းပြင်ပအတွက်သာ တာဝန်ရှိကြောင်း ပြောပါတယ်။
“အောင်မြင်ဖို့ဆိုရင် အချိန်နည်းနည်းဖြုန်းကောင်း ဖြုန်းရမယ်၊ ဒါပေမယ့် သွေးထွက်သံယိုဖြစ်လို့တော့ မရဘူး၊ တချိန်ထဲမှာလည်း ကျနော်တို့ တရားဥပဒေ စိုးမိုရေး ရည်မှန်းချက်ကိုလည်း အကောင်အထည် ဖော်ရမယ်”ဟု ဗိုလ်ချုပ်ကြီးက ဆိုသည်။
လက်ရှိ စိုးရိမ်ရသော အနေအထားမှာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိများနှင့် ကျောင်းတိုက် သံဃာ တော်များ၊ နောက်လိုက် သာဝကများအကြား ထိပ်တိုက်တွေ့မှုများ ဆက်လက်ဖြစ်ပေါ်လှျှက်ရှိပါတယ်။
ထို့အတွက် ပဋိပက္ခကို ရှောင်ရှားရန် အာဏာပိုင်များ အနေဖြင့် သတိထားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်က သတိပေးစကားလည်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ကျောင်းတော်ကြီး၏ ဝင်ပေါက် အမှတ် ၅နှင့် ၆မှနေ၍ ဝင်ရောက်ရန် ကြိုးစား သော အာဏာပိုင် အဖွဲ့အစည်းများကို သံဃာတော်များက ပိတ်ဆို့တားဆီးသည့်အတွက် ရုန့်ရင်း ဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ နှစ်ဘက်ထိခိုက်မှု ရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နောက်ထပ် ပဋိပက္ခမဖြစ်စေရန် နှစ်ဘက်အကြား အတားအဆီးများ ချထားလိုက် ပြီး၊ ထိုင်းအစိုးရကလည်း ဥပဒေ မသက်ရောက်နေ မည်သည့်နေရာမျှ မရှိကြောင်း ပြောဆိုကာ ရဲတပ်ခွဲ ၂၆ခွဲ ချထားလိုက်ကာ ကျောင်းထိုင်ဆရာတော်ကို ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း ဆိုပါတယ်။
ထိုင်းနိုင်ငံ၏ နာမည်ကြီး ကျောင်းတိုက်၏ ကျောင်းထိုင်ကိုယ်တော် ဝပ်ဖရာ့ဓမ္မဇရိုမှာ ဖမ်းဝရမ်း ထုတ်ထားခြင်းခံရပြီး စစ်တပ်၊ ရဲနှင့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့မှ ရှာဖွေနေသည်၊ သို့သော် ကျောင်းတိုက်မှာ ရိုင် ၂၀၀ခန့် ကျယ်ဝန်းသလို လူအများအပြားလည်း ရှိသဖြင့် ရှာဖွေရန် ခက်ခဲ နေသည်။