သတင်းတို

မြောက်ကိုရီးယား သံရုံးအရာရှိတဦး မလေးရှားရဲ ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး နောက်ထပ် သံသယရှိသူ ၂ဦးအနက် တဦးဖြစ်သူ ကွာလာ လမ်ပူရှိ မြောက်ကိုရီးသံရုံး အကြီး တန်းအရာရှိ တဦးကို မလေးရှားရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက် ပါတယ်။

သံသယရှိသူမှာ မြောက်ကိုရီးယားသံရုံး ဒုတိယ အတွင်းဝန် ယွန်ကွမ်ဆောင် ဆိုသူဖြစ်ကြောင်းသိရ ပြီး၊ နောက်ထပ်တဦးမှာ မြောက်ကိုရီးယားလေ ကြောင်းလိုင်း Air Koryo မှ ဝန်ထမ်းတဦးဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

၎င်းတို့ ၂ဦးကို တွေ့ဆုံမေးမြန်းခွင့်ပြုရန်အတွက် မြောက်ကိုရီးယားသံရုံးကို ခွင့်တောင်းထားကြောင်း လည်း ဆိုပါတယ်။

“ဒီကိစ္စမှာ မြောက်ကိုရီးသံရုံးဟာ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ အနေနဲ့ မျော်လင့်တယ်၊ မပူးပေါင်းခဲ့ဘူးဆိုရင်တော့ သူတို့လာဖို့ကို အတင်းအကျပ်ဆောင်ရွက် ရလိမ့်မယ်၊ ဝရမ်းထုတ်ရလိမ့် မယ်” လို့ ရဲချုပ် ခါလစ် အဘူဘာကာ ကဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ ကင်ဂျုံနမ်ဟာ ကွာလာလမ်ပူ မှ မကာအိုသို့ အသွား လေဆိပ်မှာ အဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပါ တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗီယက်နမ်နဲ့ အင်ဒိုနီးရှား လူမျိုး အမျိုးသမီး ၂ဦးအပြင် မလေးရှားတဦး၊ မြောက် ကိုရီးယား တဦးကို ဖမ်းဆီးထားပြီး၊ နောက်ထပ် မြောက်ကိုရီးယား ၄ဦးကိုလည်း ရှာဖွေနေပါတယ်။

ကင်ဂျုံနမ် အသတ်ခံရမှုကြောင့် မလေးရှားနဲ့ မြောက်ကိုရီးယားအကြား သံတမန်ရေးတင်းမာနေစဉ်မှာ ပဲ၊ ယခုလို မြောက်ကိုရီးယား သံတမန်တဦးကို နောက်ထပ် အလိုရှိတဲ စာရင်းထည့်သွင်းလိုက်တာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading