ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်အသိုင်းအဝန်းသို့ အကူအညီပေးရေးပစ္စည်းပေးပို့နိုင်ခြင်းအပေါ် ကျေးဇူးတင်ဝမ်း မြောက်ကြောင်း မလေးရှားဝန်ကြီးချုပ် ဓာတု ဆရီ နာဂျစ် တွန် ရာဇတ်က ပြောကြားလိုက်ပါတယ်။
စားနပ်ရိက္ခာနဲ့ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ Alhamdulillah သင်္ဘောဟာ မလေးရှား ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီဖြစ်ပြီး၊ စေတနာ့ဝန်ထမ်း ၁၈၃ဦး ကို ကြိုဆိုဖို့ မလေးရှား ကာကွယ်ရေးဝန်ကြီး ဓာတု ဆရီ ဟူစိန်နဲ့ စေတနာ့ဝန်ထမ်း မိသားစုများက ဆိပ်ကမ်းမှ ကြိုဆိုခဲ့ပါတယ်။
မလေးရှားဝန်ကြီး ချုပ် နာဂျစ်က ပါဝင်တဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သလို ရခိုင်မြောက်ပိုင်း မွတ်ဆလင်များထံသို့ စားနပ်ရိက္ခာသွားရောက်ပို့ဆောင်တဲ့ ဒီမစ်ရှင်ကို ဆုပေး ကောင်းပေးမယ်လို့ သူ့ရဲ့ Facebook နဲ့ Twitter မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံကို သွားရောက်မယ့် မလေးရှား လူသားချင်းစာနာမှုဆိုင်ရာ မစ်ရှင်ကို မလေးရှား ပူထရာကလပ်နဲ့ မလေးရှား အစ္စလာမ်မစ်အဖွဲ့များ အတိုင်ပင်ခံကောင်စီတို့က ဦးဆောင်ကာ မလေးရှားနဲ့ နိုင်ငံခြား NGOများက ကိုယ်စားလှယ်များ၊ ဆေးအဖွဲများများ၊ ဂျာနယ်လစ်များနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဆိုပါ စားနပ်ရိက္ခာနဲ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ Alhamdulillah သင်္ဘောဟာ စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တဲ့ပစ္စည်း တန်ပေါင်း ၂၃၀၀ကို တင်ဆောင်ကာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို ပေးဖို့ ဖေဖော်ဝါရီ ၃ရက်နေ့က မလေးရှားကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၉ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်ကာ အကူအညီပေးရေးပစ္စည်းများကို အာဏာပိုင်တို့ လက်သို့ ပေးအပ်ပြီးနောက်မှာ ဖေဖော်ဝါရီ ၁၄မှာ ဘင်္ဂလားဒေ့်ရှ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာရှိ ရခိုင်မြောက်ပိုင်း မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး ကောက်ဘဇားမှာရှိတဲ့ ကူတူပလောင် ဒုက္ခသည်စခန်းနဲ့ တက္ကနပ်မှာရှိတဲ့ ဘင်္ဂလားကြက်ခြေနီအသင်းနဲ့ နိုင်ငံတကာ ရွေ့ပြောင်းသူများအရေးလုပ် ဆောင်နေတဲ့အဖွဲ့ကို ပေးခဲ့တာဖြစ်ပါတယ်။