သတင်းတို

တက္ကစီသမား ဦးနေဝင်းကို နိုင်ငံတော် အတိုင်ပင်ခံ ချီးကျူးဂုဏ်ပြု

Want create site? Find Free WordPress Themes and plugins.

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ပစ်ခတ်လုပ်ကြံခံရသည့် ဖြစ်စဉ်တွင် လူသတ်သမားကို အုတ်နီခဲဖြင့် ပစ်ပေါက် ဖမ်းဆီးခဲ့ရာမှ သေနတ်ထိမှန် သေဆုံးခဲ့သည့် အငှားယာဉ်မောင်း ဦးနေဝင်းကို ဇန်နဝါရီလ အတွက် ချီးကျုး ဂုဏ်ပြု ထိုက်သူဆု ချီးမြှင့်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဦးနေဝင်း၏ ဆောင်ရွက်ချက်သည် မိမိအသက်ကို ပဓာန မထားဘဲ မိမိမျက်စိရှေ့မှောက်တွင် မြင်တွေ့ရသည့် အခြေအနေ ပေါ် ချက်ချင်း စဉ်းစားဆုံးဖြတ်ကာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်လုပ်ရပ်အပေါ် ပြည်သူများ ဆန့်ကျင်လာစေရန် နှိုးဆော်နိုင်ခဲ့သော လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ဦးနေဝင်း၏ အသက်ကို ပေးဆပ်ခဲ့ရမှုကို သတိရနေမည်ဖြစ်ပြီး ပြည်သူများ အကြား ရန်လိုမုန်းတီးမှုများ၊ လျော့နည်းကျဆင်းရေး၊ အကြမ်းဖက်မှုများ ဆန့်ကျင်ရေးအတွက် ကြီးမားသော တွန်းအားပေးမှု တရပ် ဖြစ်လာခဲ့ကြောင်း ရေးသားထားသည်။

ထို့ကြောင့် အသက်ဘေးအန္တရာယ်ကို မငဲ့ကွက်ဘဲ သေနတ်သမားအား ဖမ်းဆီးရမိရေးအတွက် ရဲရင့်သော ပြည်သူတဦး အနေဖြင့် ကြိုးပမ်းအားထုတ်ရင်း အသက်ဆုံးရှုံးခဲ့သော ဦးနေဝင်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွက် ချီးကျုးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading