ကင်ဂျုံနမ်ကို သတ်ဖြတ်ခဲ့သူ သံသယရှိခံရသည့် ဗီယက်နမ်အမျိုးသမီး ဒေါင်သီဟောင်းမှာ ပြီးခဲ့သည့် ဇွန်လက ဗီယက်နမ် ပေါ့ပ် ကြယ်ပွင့် Pop Idol တီဗီ အစီအစဉ်တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း Sydney Morning Herald သတင်းက ဆိုပါတယ်။
ရုပ်သံပြကွက်တခုမှာ ပြိုင်ပွဲဝင်အမှတ် ၆၇၈၁၆ ဖြင့် သီချင်းကို ညင်သာစွာ သီဆိုရင်း စင်မြင့်ပေါ်တွင် အသာအယာလျှောက်လှမ်းနေသည့် ဒေါင်သီဟောင်းကို တွေ့ရပြီး၊ ပြိုင်ဘက်များကို ပထမအကျော့မှာ ပင် ပြိုင်ဘက်များကို ချန်ထားနိုင်ခဲ့သည်ဟု ဆိုပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ သူမဟာ Ruby Ruby အမည်နဲ့ Facebook ကိုအသုံးပြုကာ ပန်းရောင်ရေကူး ဝတ်စုံနဲ့ ကိုယ်ဟန်ပြနေပုံ အနက်ရောင်ခံ ပန်းပွင့်ပါ အကျၤီကို ဝတ်ဆင်ထားတဲ့ သူ့ရဲ့ စွဲမက်ဖွယ် ဓာတ်ပုံများကိုလည်း တင်ထားပါတယ်။
ကင်ဂျုံနမ် မသေမီရက်တွေက သူမရဲ့ Facebook မှာ LOL စာတန်းပါ အကျၤီကို ဝတ်ဆင်ကာ ရိုက်ကူး ထားတဲ့ ဓာတ်ပုံကို Profile ပုံအဖြစ် တင်ထားပြီး၊ ကင်ဂျုံနမ် အသတ်ခံရပြီး လေဆိပ် CCTV မှတ်တမ်းမှာလည်း အဆိုပါ LOL စာတန်းပါ အကျၤီကိုပင် ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
ကျန်ဓာတ်ပုံများမှာ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ရိုက်ကူး ထားသည့် ဆယ်လ်ဖီပုံများဖြစ်ပြီး၊ နောက်ဆုံးတင်သည့် ပိုစ်မှာ ဖေဖော်ဝါရီ ၁၁ရက်နေ့က ကွာလာလမ်ပူ လေဆိပ်အနီး ရိုက်ကူးကာ တင်သော ပုံဖြစ်ပါတယ်။
ကင်ဂျုံနမ် အသတ်မခံရမီ ၂ရက်အလိုက တင်သည့် ပိုစ်တွင် အိပ်ယာထဲ၌ မျက်စေ့မှိတ်ကာ ကွေးနေ သော သူမ၏ ပုံတွင် “ဆက်အိပ်ချင်သေးတယ်၊ ဒါပေမယ့် ငါ့ဘေးမှာ မင်းရှိမှ ဖြစ်မယ်” လို့ ရေးသား ထားပါတယ်။
မလေးရှားရဲအဖွဲ့ ပြောဆိုချက်အရ သူမသည် ကွာလာလမ်ပူရှိ အနုပညာဖျော်ဖြေရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ပြီး သီချင်းဆိုပြိုင်ပွဲ တခုတွင် ပါဝင်ခဲ့သည့်ဟု သိရပါတယ်။
Reuters သတင်းကလည်း ထိုပုံများသည် ယခုအဖမ်းခံထားရသည့် ဒေါင်သီဟောင်းနှင့် တူကြောင်း မျက်နှာသိရှိမှု စစ်ဆေးရေး ကရိယာများက ပြသနေသည်ဟု ဆိုပါတယ်။
ဒေါင်သည် ဗီယက်နမ်မြောက်ပိုင်း စပါးခင်းများတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၁၈နှစ်အရွယ်တွင် ဗီယက်နမ်က ထွက်ခွာကာ ဗီယက်နမ်စစ်ပွဲတွင် ပါဝင်ခဲ့သည့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသည် ဖခင်နှင့်တွေ့ရန်သာ တခါတလေ ပြန်သည်ဟု သိရပါတယ်။
အဖမ်းခံထားရသည့် ဒေါင်သီဟောင်းနဲ့ တွေ့ဆုံကာ အကူအညီပေးရန် ဗီယက်နမ်အရာရှိများက ပြင်ဆင်နေသည်။