သတင်းတို

မီနီပွင့်သစ်စ အစီစဉ်တွင် ပထမဆုံးအနေဖြင့် IGT ပါဝင်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေးအထောက်အကူပြု ဌာန MCRB မှ ပြုလုပ်သော ကုမ္ပဏီများကို အမှတ်ပေးသည့် မီနီပွင့်သစ်စ အစီအစဉ်တွင် Irrawaddy Green Tower (IGT) ကုမ္ပဏီ ပါဝင်မည် ဟု သိရသည်။

Irrawaddy Green Tower ၏ CEO တယောက်က “ ကျနော်တို့က လုပ်ငန်းရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုကိုလဲ တန်ဖိုးထားပါတယ်။ ဒါကြောင့် မီနီပွင့်သစ်စ အစီအစဉ်ကို အကြောင်းပြုပြီး ကုမ္ပဏီရဲ့ အကြောင်းအရာများကို အများက ပိုပြီး သိလာအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

မီနီပွင့်သစ်စ အစီအစဉ်သည် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ အမှတ်ပေးသော အစီအစဉ်ဖြစ်ပြီး
IGT သည် အမှတ်ပေးခံရန် ဆန္ဒအလျောက် ပါဝင်လာသည့် ကုမ္ပဏီ ဖြစ်သည်။

“ ကျမတို့ အနေနဲ့ ပွင့်သစ်စ မေးခွန်း ၃၅ ခု အပေါ် မူထားပြီး IGT ကသူတို့ရဲ့ ဝက်ဆိုဒ်ပေါ်မှာ ဖွင့်လှစ်ချပြမှုနဲ့ ပွင့်လင်းမြင်သာမှု အတွက် စိတ်ပါဝင်စားမှု၊ လုပ်ကိုင်ချင်တာကို ကြိုဆိုပါတယ်။ အခြားသော မြန်မာ ကုမ္ပဏီများလည်း ပါဝင်ဖို့ ကျမ မျှော်လင့်ပါတယ်” ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောသည်။

IGT သည် ဆက်သွယ်ရေး တာဝါတိုင်များကို လုပ်ကိုင်ဆောင်ရွက် လည်ပတ်နေသည့် အကြီးမားဆုံးသော ကုမ္ပဏီဖြစ်ပြီး အဓိကကျသည့် ဆက်သွယ်ရေး လုပ်ငန်းများ ဖြစ်သည့် တယ်လီနော၊ အော်ရီဒူး နှင့် MPT တို့အတွက် တာဝါတိုင်များ ထောက်ပံ့ ဖြည့်တင်းပေးနေသည့် ကုမ္ပဏီတခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading