ကင်ဂျုံနမ်၏ ရုပ်အလောင်းကို ပြန်တောင်းရန်မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ မလေးရှားသို့ရောက်ရှိကြောင်း Channel News Asia သတင်းမှာဖော်ပြသည်။
အဆိုပါ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ကင်ဂျုံနမ်ဟု ယူဆရသူ၏ အလောင်း ကို တောင်းခံရန် ယနေ့ရောက်ရှိလာခြင်းဖြစ်ပြီး၊ ထိုကိုယ်စားလှယ်အဖွဲ့တွင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်ဟောင်း ရီတုန်အီလ် လည်းပါဝင်သည်သိရသည်။
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်ဟောင်း ရီတုန်အီလ်က ၎င်းတို့အဖွဲ့၏ တာဝန်မှာ လူသားချင်းစာနာမှု ပြဿနာကို ဖြေရှင်းရန်ဖြစ်ကြောင်း မြောက်ကိုရီးယား သံရုံးရှေ့၌ သတင်းသမားများကို ပြောကြားသည်။
ယင်းကိုယ်စားလှယ်အဖွဲ့၏တာဝန်မှာ လူသားချင်းစာနာမှုပြဿနာကိုဖြေရှင်းရန်ဖြစ်သည်ဟု ရီ က ကွာလာလမ်ပူရှိမြောက်ကိုရီးယားသံရုံးရှေ့တွင်သတင်းထောက်များကိုပြောကြားသည်။
သူကဆက်လက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့က သေဆုံးသွားသည့် မြောက်ကိုရီးယား နိုင်ငံသား၏ အလောင်းကို ပြန်လည်ရယူရေးနှင့် ကင်ဂျုံနမ်အမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် မြောက်ကိုရီးယားနိုင်ငံသားများ ပြန်လည်လွှတ်ပေးရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံရေး တိုးတက်စေရန် အတွက် မလေးရှားအရာရှိများနှင့် ဆွေးနွေးလိုကြောင်း သူကဆက်ပြောသည်။
လတ်တလော ဖမ်းဆီးထားသည့် မြောက်ကိုရီးယား နိုင်ငံ၏ အမည်မှာ ရီဂျောင်ချုးဖြစ်ပြီး၊ အခြားသော မြောက်ကိုရီးယား ၄ဦးကိုလည်း စုံစမ်းစစ်ဆေးရန် မလေးရှားရဲတပ်ဖွဲ့က အလိုရှိနေသည်ဟု သိရ သည်။