ဂျပန် အိုကီနာဝါ ကျွန်းစုနားသို့ ကပ်လာသည့် တရုတ်စစ်လေယာဉ်များကို ဂျပန်လေတပ် တိုက် လေယာဉ် များက ကြားဖြတ်ဟန့်တားခဲ့ရကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
အဆိုပါ တရုတ်စစ်လေယာဉ်ဟာ ဂျပန်လေပိုင်နက်ကိုတော့ ချိုးဖောက်တာမရှိပေမယ့် အိုကီနာဝါ ကျွန်းဟာ အမရိကန်ရဲ့ အဓိက စစ်စခန်းနေရာဖြစ်ပါတယ်။
အဆိုပါ တရုတ်စစ်လေယာဉ်တွေဟာ ၁၃စီးဖြစ်ပြီး၊ တိုက်လေယာဉ်များ၊ ဗုံးကြဲတိုက်လေယာဉ်များ ပါ ဝင်တယ်ပြီး၊ မီယာကိုရေလက်ကြားကို ဖြတ်ကာ ပျံသန်းသွားခြင်းဖြစ်ပြီး၊ မီယာကိုရေလက်ကြားဟာ တရုတ်စစ် လေယာဉ်များ လက်လှမ်းမီတဲ့နေရာမှာရှိပြီး နိုင်ငံတကာလေပိုင်နက်ကို ဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းကို ဝင်ရောက်လာနိုင်ပါတယ်။
တရုတ်ဆင်ဟွာသတင်းကတော့ ဒီပျံသန်းမှုဟာ ပုံမှန်ပြုလုပ်နေကျ တရုတ်လေတပ်နဲ့ ရေတပ်ဟာ ဖိလစ်ပိုင်ပင်လယ်မှာ စစ်ရေးလေ့ကျင်မှုတွေပြုလုပ်ခြင်း ရဲ့ တစိတ်တပိုင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။