သတင်းတို

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ် ကုသမှုခံယူမည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နှလုံး၌ အဆီဖုံးသည့်အတွက် ခွဲစိတ်ကုသမှု ခံယူရန် ကျန်းမာရေးခွင့်ယူမည်ဖြစ်ကြောင်း လှည်းကူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်မြတ်မာလာထွန်းက ဧရာဝတီသို့ပြောသည်။

ဒေါ်မြတ်မာလာထွန်းက “ရန်ကုန်မှာပဲ ကုသမှုခံယူမယ်၊ ၅ ရက်နေ့ခွဲမယ်လို့တော့ သိထားရတယ်၊ ဆရာဝန်က တလလောက်နားဖို့ ညွန်ကြားထားပေမယ့် သူကတော့ မတ် ၂၀ မှာပြန်စမယ့် လွှတ်တော် အစည်းအဝေးကို အခြေအနေကြည့်ပြီး တက်ရင်လည်းတက်မယ်လို့ပြောတယ်”ဟုဆိုသည်။

ဦးဖြိုးမင်းသိန်းအား ကျန်းမာရေးအခြေအနေအရ လူစုလူဝေးဖြင့် မနေထိုင်ရန် ဆရာဝန်က ညွန်ကြား ထားပြီး လွန်ခဲ့သည့် ၂ ပတ်ခန့်ကတည်းက ခေတ္တအနားယူကာ ကုသမှုခံယူရန် ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးဖြိုးမင်းသိန်းအား ဆရာဝန်ညွန်ကြား ချက်များကို လိုက်နာရန် ပြောကြားထားကြောင်း ဒေါ်မြတ်မာလာထွန်းက ဆိုသည်။

Loading