ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်မှု ခံယူနေစဉ်အတွင်း ရန်ကုန်တိုင်း လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ယာယီဝန်ကြီးချုပ်အဖြစ် ခေတ္တတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက “ဒါက တိုင်းအစိုးရရဲ့ လုပ်ထုံးနဲ့ ဝါစဉ်အရပါ”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်မှု ခံယူပြီး ကျန်းမာရေး ကောင်းလာမည့်အချိန်မှာ အနည်းဆုံး တပတ်ကြာမည်ဟုလည်း သိရသည်။
ဝန်ကြီးချုပ် ခွင့် သို့မဟုတ် လစ်ဟာသွားလျှင် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများက ခေတ္တ တာဝန်ယူရသည်မှာ မွန်ပြည်နယ်တွင်လည်း လတ်တလော ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နုတ်ထွက်သွားပြီး ဝန်ကြီးချုပ်သစ် ခန့်အပ်သည်အထိ နယ်/လုံဝန်ကြီးက တာဝန်ယူခဲ့ကြောင်း သိရသည်။