အကြမ်းဖက်သမားနှင့် ရာဇဝတ်ဂိုဏ်းများကို ရောင်းချမည့် ချေမှုန်းရေး ရိုင်ဖယ် ၁သောင်း ၂ထောင်နှင့် လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ လက်ပစ်ဗုံးများနှင့် လေယာဉ်ပစ် စက်သေနတ်များကို စပိန်နိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့ ဂျီရိုနာမြို့နဲ့ ကာတာဘရီးယား ကိုယ်ပိုင်အုပ် ရေးနယ်မြေတွေမှာ စပိန်ရဲတပ်ဖွဲ့နဲ့ ဥရောပရဲတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ပေါ်တူစစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဥရောပရဲတပ်ဖွဲ့ အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ လက်နက်များနဲ့အတူ လူ ၅ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်ဒေါ် ၈သောင်း ၅ထောင်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ လက်နက်မှောင်ခို ပြုလုပ်သူတွေဟာ အားကစားဆိုင် တခုကို ဗန်းပြ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က ဘရပ်ဆဲလ်မြို့က ဂျူးပြတိုက်ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုမှာလည်း ဒီလိုသိုဝှက်ထားတဲ့ လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။