သတင်းတို

နေ့အပူချိန်များ မြင့်တက်လာနိုင် ဟု မိုး/ဇလ ထုတ်ပြန်

မတ်လ နှင့်ဧပြီလများတွင် နေ့အပူချိန် မြင့်တက်လာသာ့်အတွက် ပြည်သူများ ဂရုစိုက် နေထိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က သတင်းထုတ်ပြန်သည်။

မတ်လ နှင့် ဧပြီလ များအတွင်း နေ့အပူချိန် တဖြည်းဖြည်းမြင့်တက်ရာမှ တိမ်များဖြစ်ထွန်း၍ မွန်းလွဲနှင့် ညနေပိုင်းတို့၌ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ရာ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တလျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း  သိရသည်။

ထို့အပြင် လေပြင်းတိုက်ခိုက်စဉ် တစ်နာရီလျှင် ၃၅မိုင် မှ မိုင် ၄၀ အထိ တိုက်ခိုက်နိုင်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

မိုး/ဇလမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “နေ့အပူချိန်တွေ မြင့်တက်လာတဲ့ အတွက် ရေအပူပျံတဲ့ တိမ်တွေဖြစ်ပြီး မွန်းလွဲ၊ ညနေပိုင်း တွေမှာ မိုးတိမ်တောင် ဖြစ်ပြီးတော့ မိုးရွာနိုင်တဲ့ အနေအထားလေးတွေ ရှိပါတယ်။ မိုးရွာတဲ့ အချိန်မှာ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသီးကြွေတာတွေ၊ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်တွေ ဖြစ်တတ်ပါတယ်” ဟုပြောသည်။

မတ်လအတွင်း ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း မြောက်ပိုင်း၊ မန္တလေးတိုင်းအနောက်အလယ်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်တောင်ပိုင်း၊ တနင်္သာ ရီတိုင်း နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တို့တွင် မတ်လ ၁၁ ရက်နှင့် ၁၂ရက်တို့၌  မိုးများ ရွာသွန်းခဲ့ရာ သီးနှံခင်းများ ပျက်စီးမှု ရှိခဲ့သည်။

မြစ်ကြီးနားမြို့တွင် မတ်လ ၁၂ ရက်နေ့က ရွာသွန်းသော မိုးရေချိန်မှာ ၃၇ မီလီမီတာဖြစ်ပြီး နှစ်ပေါင်း ၅၀ အတွင်း စံချိန်သစ်တင်သွားခဲ့သည်ဟု သိရသည်။

Loading