၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း လေဆိပ် ၁၀ခု စာရင်းကို ထုတ်ပြန်ရာ အာရှတိုက်မှ လေဆိပ် ၅ခုပါဝင်ပြီး၊ စင်ကာပူ ချန်ဂီလေဆိပ်ကတော့ အဆင့် ၁နေရာကို ၅နှစ်ဆက်တိုက် ယူထားတယ်လို့ လေကြောင်း လိုင်း အတိုင်ပင်ခံ အုပ်စုဖြစ်တဲ့ Skytrax ကဆိုပါတယ်။
ဒုတိယနဲ့ တတိယနေရာကိုလည်း ဂျပန်နိုင်ငံ တိုကျို ဟာနေဒါ နိုင်ငံတကာလေဆိပ်နဲ့ တောင်ကိုရီး ယား အင်ချွန်းလေဆိပ်က ယူထားပြီး၊ ဟောင်ကောင်လေဆိပ်ကတော့ အဆင့် ၄မှ အဆင့် ၅ နေရာကို ရောက်ရှိသွားပါတယ်။
အဆင့် ၄နေရာကို ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်က အစားထိုးဝင်ရောက်ခဲ့ပြီး၊ ကာတာနိုင်ငံ ဟာမက် နိုင်ငံတကာ လေဆိပ်ကလည်း အဆင့် ၆ကို ရောက်ရှိသွားပါတယ်။
ဂျပန် နာဂိုယာ လေဆိပ်ကတော့ အဆင့် ၇ နေရာမှာ ရယူထားပြီး ထိုင်းနိုင်ငံ သုဝဏ္ဍဘူမိလေဆိပ် ကတော့ မူလအဆင် ၃၆မှ ၃၈သို့ ကျဆင်းသွားတယ်လို့ သိရပါတယ်။
အဆင့် ၈၊ ၉၊ ၁၀ ကိုတော့ ဥရောပလေဆိပ်များဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်လေဆိပ်၊ အင်္ဂလန်နိုင်ငံ ဟီသရိုးလေဆိပ်နဲ့ ဂျာမနီက ဖရင့်ဖတ်လေဆိပ်တို့က ရယူထားပါတယ်။
နိုင်ငံတကာလေဆိပ်အဆင့်သတ်မှတ်ချက်က ိုခရီးသည်များကမဲပေးရွေးချယ်ပြီး လေဆိပ်ပေါင်း ၅၅၀ မှာကောက်ယူခဲ့တဲ့မေးခွန်းလွှာပေါင်း ၁၃.၈ သန်းပေါ်အခြေခံထုတ်ပြန်လိုက်တာဖြစ်ပါတယ်