မြန်မာတပ်မတော်(ရေ)မှ ကိုကိုးကျွန်းရေပြင်တွင် ပင်လယ်ပြင် လက်တွေ့လေ့ ကျင့်ခန်း(Combined Fleet Exercise)နှင့် လက်နက်များဖြင့် လေ့ကျင့်ပစ်ခတ်ခြင်းကို လာမည့် မတ်လ ၂၃ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ယင်းဧရိယာမှ ၅ မိုင်ပတ်လည်၌ သင်္ဘောကြီး /ငယ် များ၊ ကုန်တင်/စက်လှေများ၊ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ် သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ် ယာဉ်များ အမြင့်ပေ၁၅၀၀၀(တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် တပ်မတော်မှ အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအားသတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက် နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း Combined Fleet Exercise- Sea Shield 2016 တပ်မတော်(ရေ) စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းလုပ်စဉ် အမြင့်ပေ ၁၅၀၀၀ အထက်မှ ဝင် ရောက်ပျံသန်းသွားသည့် အမျိုးအမည်မသိ မြန်နှုန်းမြင့် လေယာဉ် ၃စီး ရေဒါမှာ ဖမ်းမိခဲ့ပြီးနောက် လေ ကြောင်းရန် ကာကွယ်ရေးလက်နက်များနဲ့ အသင့်ချိန်ရွယ် ထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါသေးတယ်။